လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဝတ်ပြု 22:18 - မြန်မာ့စံမီသမ္မာကျမ်း “အာရုန်နှင့်သူ့သားတို့မှစ၍ အစ္စရေးအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလော့။ အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ဦးသည် ထာဝရဘုရားအား မိမိ၏ပူဇော်သက္ကာကို ကတိသစ္စာတစ်စုံတစ်ခုအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာတစ်စုံတစ်ခုအတွက် မီးရှို့ရာယဇ်အဖြစ် ပူဇော်လျှင် Judson Bible ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ |
လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌ ငါပြည့်စုံစေမည်။
ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌လည်းကောင်း၊
လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်၏ချီးမွမ်းခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေပါမည်။
အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
သို့ဖြစ်၍ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေရန် ကိုယ်တော်၏နာမတော်ကို ထာဝစဉ်သီဆိုချီးမွမ်းပါမည်။
အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။ ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။
အကျွန်ုပ်သည် ကိုယ်တော်၏အိမ်တော်သို့ မီးရှို့ရာယဇ်များပါလျက်လာပါမည်။ အကျွန်ုပ်၏ကတိသစ္စာများကို ကိုယ်တော့်ထံပြည့်စုံစေပါမည်။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ဘုရားသခင်အား ကတိသစ္စာပြုသောအခါ ၎င်းကိုပြည့်စုံစေရန် မနှောင့်နှေးစေနှင့်။ အကြောင်းမူကား ကိုယ်တော်သည် မိုက်မဲသောသူကို နှစ်သက်တော်မမူ။ သင်ကတိသစ္စာပြုထားသည့်အတိုင်း ပြည့်စုံစေလော့။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် အမဲလိုက်၍ စားခွင့်ရှိသည့် တောရိုင်းတိရစ္ဆာန်၊ သို့မဟုတ် ကျေးငှက်ကိုမိလျှင် ထိုသားကောင်၏သွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။
ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။
တဆေးပါသောမုန့်ကို ကျေးဇူးတော်ချီးမွမ်းရာယဇ်အနေနှင့် ပူဇော်ကြ။ စေတနာအလျောက်ပူဇော်သက္ကာကိုလည်း လူတကာသိအောင်ကြွေးကြော်လှူဒါန်းကြ။ အို အစ္စရေးအမျိုးသားတို့၊ သင်တို့ ဤသို့ပြုရသည်ကို နှစ်သက်ကြ၏”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ထာဝရဘုရားထံယဇ်ပူဇော်ပြီး ကတိသစ္စာပြုကြ၏။
အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသည်နှင့်အညီ စေတနာအလျောက်ပူဇော်သောလှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်သီတင်းမြောက်ပွဲတော်ကို ကျင်းပရမည်။