Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 66:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အကျွန်ုပ်​သည် ကိုယ်တော်​၏​အိမ်​တော်​သို့ မီးရှို့ရာယဇ်​များ​ပါ​လျက်​လာ​ပါ​မည်​။ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို ကိုယ်တော့်​ထံ​ပြည့်စုံ​စေ​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 မီး ရှို့ ရာ ပူ ဇော် သ က္ကာ နှင့်၊ ဗိ မာန် တော် သို့ ဝင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 မီး​ရှို့​ရ​သော​ယဇ်​ပါ​လျက် အိမ်​တော်​သို့ အ​ကျွန်ုပ်​သွား​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 66:13
19 ပူးပေါင်းရင်းမြစ်များ  

သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​တံခါး​များ​ထဲသို့​လည်းကောင်း​၊ ဂုဏ်တော်ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​အိမ်တော်ဝင်း​ထဲသို့​လည်းကောင်း ဝင်​ကြ​လော့​။ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌ ငါ​ပြည့်စုံ​စေ​မည်​။


ဖြောင့်မတ်​ခြင်း​တံခါး​တို့​ကို ငါ့​အတွက်​ဖွင့်ပေး​ကြ​လော့​။ ငါ​သည် ထို​တံခါး​တို့​မှ​ဝင်​၍ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​အား အလင်း​ကို​လည်း ပေး​တော်မူ​၏​။ ပွဲတော်​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​၏​ဦးချို​၌ ကြိုး​နှင့်​ချည်​ထား​ကြ​လော့​။


လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။


အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။


ဆုတောင်းချက်​ကို​နားညောင်း​တော်မူ​သော​အရှင်​၊ လူ​အပေါင်း​တို့​သည် ကိုယ်တော့်​ထံသို့ လာ​ကြ​ပါ​လိမ့်မည်​။


ဘုရားသခင်​အား ကတိသစ္စာ​ပြု​သောအခါ ၎င်း​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​စေ​နှင့်​။ အကြောင်းမူကား ကိုယ်တော်​သည် မိုက်မဲ​သော​သူ​ကို နှစ်သက်​တော်​မ​မူ​။ သင်​ကတိသစ္စာ​ပြု​ထား​သည့်​အတိုင်း ပြည့်စုံ​စေ​လော့​။


အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


ကြည့်ရှု​လော့​။ ကောင်းမြတ်​သော​သတင်း​ကို ယူဆောင်​လာ​သူ​၊ ငြိမ်သက်​ခြင်း​သတင်း​ကြားပြော​သူ​၏​ခြေ​တို့​ကို တောင်​များ​ပေါ်တွင် တွေ့​ရ​၏​။ အို ယုဒ​၊ ပွဲတော်​များ​ကို ကျင်းပ​လော့​။ ကတိသစ္စာဝတ်​ကို ဖြေ​လော့​။ ဆိုးညစ်​သော​သူ​ကို သုတ်သင်​ပစ်​ပြီ​ဖြစ်၍ သင့်​ထံ ဝင်ရောက်ကျူးကျော်​နိုင်​တော့​မည်​မ​ဟုတ်​။


ကတိသစ္စာ​မ​ပြု​ဘဲ​နေ​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား သင့်​ဆန္ဒ​ရှိ​၍ သင့်​နှုတ်​ဖြင့်​ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ထို​နှုတ်ထွက်​ကတိသစ္စာ​ကို ကြိုးစား​လုပ်ဆောင်​ရ​မည်​။


သင်​သည် မိမိ​အိမ်နီးချင်း​၏​စပျစ်ခြံ​ထဲသို့​ဝင်​သောအခါ စပျစ်သီး​ကို သင်​စားလို​သမျှ အဝ​စား​ခွင့်​ရှိ​၏​။ သို့သော် သင့်​အိတ်​ထဲ ထည့်ယူ​မ​သွား​ရ​။


ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။


ယေဖသ​သည် သမီး​ကို​မြင်​သောအခါ မိမိ​အဝတ်​ကို​ဆုတ်​ပြီး “​အို ငါ့​သမီး​၊ ငါ့​ကို အလွန်​စိတ်ဆင်းရဲ​စေ​ပြီ​တကား​။ အလွန်​ဒုက္ခရောက်​စေ​ပြီ​တကား​။ ငါ​သည် ထာဝရဘုရား​ကို ကတိသစ္စာ​ပြု​ပြီးမှ ချိုးဖောက်​၍​မ​ရ​တော့​ပြီ​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ