တရားဟော 12:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။ အခန်းကိုကြည့်ပါ။Common Language Bible17 ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။- အခန်းကိုကြည့်ပါ။Garrad Bible17 ဆန် စ ပါး၊ စ ပျစ် ရည် နှင့် ဆီ များ အ နက် လှူ အပ် သော ဆယ် ဖို့ တစ် ဖို့ ကို သော်လည်း ကောင်း၊ နွား၊ သိုး၊ ဆိတ် တို့ အ နက် သား ဦး များ ကို သော်လည်း ကောင်း၊ သ စ္စာ ဝတ် အ လျောက်၊ စေ တ နာ အ လျောက်၊ အ လှူ ဒါ န ကို သော်လည်း ကောင်း၊ မြှောက် ဆက် ရာ လက် ဆောင် ကို သော်လည်း ကောင်း၊ မြို့ ရွာ များ အ တွင်း မ သုံး ဆောင် ရ ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible17 စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တွင် ပူဇော်သောတစ်ဖို့၊ သိုးနွားတွင် အဦးဖွားသောသားငယ်၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာ၊ ချီမြှောက်ရာပူဇော်သကာ တစ်စုံတစ်ခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။