ဆာလံ 56:12 - မြန်မာ့စံမီသမ္မာကျမ်း12 အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible12 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ ထား သော သ စ္စာ ဝတ် ကို ဖြေ လျက်၊ ချီး မွမ်း ရာ ပူ ဇော် သ က္ကာ ကို ဆက် ကပ် ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible12 အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။ အခန်းကိုကြည့်ပါ။ |
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။