ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
ဝတ်ပြု 18:20 - မြန်မာ့စံမီသမ္မာကျမ်း သင့်အိမ်နီးချင်း၏မယားနှင့်မေထုန်ပြု၍ သူနှင့်အတူ ညစ်ညူးမှုကိုမပြုရ။ Common Language Bible သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။- Garrad Bible သူ တစ် ပါး၏ မ ယား နှင့် အိပ် စက်၍ ကိုယ် ကို မ ညစ် ညူး စေ ရ။ Judson Bible ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ |
ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် အခြားသောယောက်ျားနှင့်အိပ်၍မေထုန်ပြုသော်လည်း သူ၏ယောက်ျားမသိ၊ သူသည် မိမိကိုယ်မိမိညစ်ညူးစေသော်လည်း ထိုအမှုသည်မပေါ်၊ သက်သေလည်းမရှိသဖြင့် သူသည် ဖမ်းဆီးခြင်းမခံရလျှင်လည်းကောင်း၊
အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌တွေ့၍ ထိုယောက်ျားသည် သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်လျှင် ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားကိုသာ သတ်ရမည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။