ဝတ်ပြု 14:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုသိုးသငယ်အထီးကို အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ရာယဇ်ကောင်တို့ကိုသတ်သောနေရာဖြစ်သည့် သန့်ရှင်းသောနေရာ၌ သတ်ရမည်။ အကြောင်းမူကား အပြစ်ဖြေရာယဇ်ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်ပိုင်၍ အထူးသန့်ရှင်းသောအရာဖြစ်၏။ Common Language Bible သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။- Garrad Bible အ ပြစ် ဖြေ ရာ သ က္ကာ နှင့် မီး ရှို့ ရာ သ က္ကာ စီ ရင် မြဲ နေ ရာ သန့် ရှင်း ရာ ဌာ န တံ တိုင်း အ တွင်း စီ ရင် ခြင်း များ ကို ပြု ရ မည်။ အ ပြစ် ဖြေ ရာ သ က္ကာ နည်း တူ ပြစ် ဒဏ် ပြေ ရာ သ က္ကာ လည်း အ ထူး သီး သန့် လျက် ပ ရော ဟိတ် ပိုင် ရာ ဖြစ် ၏။ Judson Bible ထိုသိုးသငယ်ကို အပြစ်ဖြေရာယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ်ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။ |
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ယဇ်ကောင်ကို ယဇ်ပလ္လင်၏မြောက်ဘက်ခြမ်း ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
သူသည် မိမိလက်ကို ဆိတ်သငယ်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ ၎င်းကိုသတ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
သူသည် နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်သို့ ဆွဲခေါ်လာ၍ မိမိလက်ကို နွားထီး၏ခေါင်းပေါ်၌ တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။