ဝတ်ပြု 2:3 - မြန်မာ့စံမီသမ္မာကျမ်း3 ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ကျန်သောဘောဇဉ်သကာသည် ယဇ်ပုရောဟိတ် များသုံးဆောင်ရန်အတွက်ဖြစ်စေရမည်။ ထို ဘောဇဉ်သည်ထာဝရဘုရားအား ပူဇော်ပြီး သောဘောဇဉ်သကာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်များသာသုံးဆောင်ရမည်။ အလွန်သန့်ရှင်း သည်။ အခန်းကိုကြည့်ပါ။Garrad Bible3 အ ကြွင်း အ ကျန် ကား ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ နက် အ ထူး သီး သန့် သည် ဖြစ် လျက် အာ ရုန် နှင့် သား တို့ ပိုင် ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။