Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:13 - Common Language Bible

13 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ပြစ် ဖြေ ရာ သ က္ကာ နှင့် မီး ရှို့ ရာ သ က္ကာ စီ ရင် မြဲ နေ ရာ သန့် ရှင်း ရာ ဌာ န တံ တိုင်း အ တွင်း စီ ရင် ခြင်း များ ကို ပြု ရ မည်။ အ ပြစ် ဖြေ ရာ သ က္ကာ နည်း တူ ပြစ် ဒဏ် ပြေ ရာ သ က္ကာ လည်း အ ထူး သီး သန့် လျက် ပ ရော ဟိတ် ပိုင် ရာ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၊ သန့်​ရှင်း​ရာ​ဌာ​န၌ သတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယူ​ပိုင်​သ​ကဲ့​သို့ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​ကို ယူ​ပိုင်၏။ အ​လွန်​သန့်​ရှင်း​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို​သိုးသငယ်​အထီး​ကို အပြစ်ဖြေရာယဇ်ကောင်​နှင့်​မီးရှို့ရာယဇ်ကောင်​တို့​ကို​သတ်​သော​နေရာ​ဖြစ်​သည့် သန့်ရှင်း​သော​နေရာ​၌ သတ်​ရ​မည်​။ အကြောင်းမူကား အပြစ်ဖြေရာယဇ်​ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်​ကို ယဇ်ပုရောဟိတ်​ပိုင်​၍ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:13
13 ပူးပေါင်းရင်းမြစ်များ  

ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ၊ ငါ​၏​ရှေ့​တော်​တွင် နွား​ကို​သတ်​ရ​မည်။-


ထို​သူ​က​ငါ့​အား``ဤ​အ​ဆောက်​အ​အုံ​နှစ် ခု​စ​လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏။ ထာ​ဝရ ဘု​ရား​၏​ရှေ့​တော်​သို့​ဝင်​ရ​သူ​ယဇ်​ပု​ရော ဟိတ်​တို့​သည်​ထို​အ​ဆောက်​အ​အုံ​များ​ထဲ ၌​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော် သ​ကာ​များ​ကို​စား​သောက်​ရ​ကြ​၏။ ထို အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက် ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော​အ​လွန်​သန့်​ရှင်း မြင့်​မြတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ထား ကြ​သည်။-


သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-


``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-


ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။


ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။


ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-


ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-


သူ​သည်​နွား​ကို​တဲ​တော်​တံ​ခါး​ဝ​ထာ​ဝ ဘု​ရား​ရှေ့​တော်​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် နွား ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍ ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင် ထို​နေ​ရာ​၌​နွား​ကို​သတ် ရ​မည်။-


ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ