ဝတ်ပြု 14:12 - Common Language Bible12 ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သိုး ထီး တစ် ကောင် ကို ယူ၍ ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် ခြင်း၊ ဆီ အ စိတ် ပါ ဦး တိုက် ရာ အ လှူ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible12 သိုးသငယ်အထီးတစ်ကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သကာဖို့ ဆီတစ်လောဃနှင့်တကွ ချီလွှဲရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-