Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 1:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ယဇ်ကောင်​ကို ယဇ်ပလ္လင်​၏​မြောက်ဘက်ခြမ်း ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ကောင်​၏​သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-13 ထာ ဝ ရ ဘု ရား ရှေ့၊ ပူ ဇော် ရာ ပ လ္လင် တော် မြောက် မျက် နှာ တွင် စီ ရင် ခြင်း၊ အ ပိုင်း ပိုင်း ဖြတ် ခြင်း ပြု ပြီး လျှင် အ သွေး ကို ပလ္လင် တော် ဘေး ပတ် လည်၌ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သွန်း ပက် ကြ ပြီး မှ ပ ရော ဟိတ် သည် ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော၍ သား တစ်၊ ဦး ခေါင်း၊ ဆီ ဥ ပါ၊ ပ လ္လင် တော် ထက် ရှိ မီး ထင်း ပေါ်၌ စီ တင် လျက် တစ် ပုံ လုံး ကို ပူ ဇော် ဆက် ကပ် ရ မည်။ ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ မီး ရှို့ ရာ သ က္ကာ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပ​လ္လင်​မြောက်​ဘက်​နား​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 1:11
12 ပူးပေါင်းရင်းမြစ်များ  

မောရှေ​သည် သွေး​တစ်ဝက်​ကို​ယူ​၍ အင်တုံ​များ​ထဲသို့​ထည့်​ပြီး သွေး​တစ်ဝက်​ကို​ကား ယဇ်ပလ္လင်​ပေါ်သို့ ဖျန်း​လေ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း စားပွဲ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​မြောက်ဘက်ခြမ်း ကန့်လန့်ကာ​အပြင်ဘက်​တွင် ထား​၍


တစ်ဖန် ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဘုရားရှင်​ထာဝရဘုရား​က ‘ယဇ်ပလ္လင်​ကို တည်ဆောက်​ပြီး​သော​နေ့​တွင် မီးရှို့ရာယဇ်​ကို ပူဇော်​ရန်​၊ အသွေး​ကို ဖျန်း​ရန် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။


ထိုအခါ “​အချင်း​လူသား​၊ ယခု မြောက်ဘက်​သို့ မျှော်ကြည့်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် မြောက်ဘက်​သို့ ငါ​မျှော်ကြည့်​သော် မြောက်ဘက်​၊ ယဇ်ပလ္လင်​တံခါး​အဝင်ဝ​တွင် ဝန်တို​ခြင်း​ရုပ်တု စိုက်ထူ​ထား​သည်​ကို တွေ့​ရ​၏​။


သူ​သည် နွားထီးပျို​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူဆောင်​လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို ဖျန်း​ရ​မည်​။


ထို​သိုးသငယ်​အထီး​ကို အပြစ်ဖြေရာယဇ်ကောင်​နှင့်​မီးရှို့ရာယဇ်ကောင်​တို့​ကို​သတ်​သော​နေရာ​ဖြစ်​သည့် သန့်ရှင်း​သော​နေရာ​၌ သတ်​ရ​မည်​။ အကြောင်းမူကား အပြစ်ဖြေရာယဇ်​ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်​ကို ယဇ်ပုရောဟိတ်​ပိုင်​၍ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။


သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်ကောင်​ကို သတ်​ရ​မည်​။


“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ အပြစ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ ဤ​ယဇ်​သည် အလွန်​သန့်ရှင်းသောယဇ်​ဖြစ်​၏​။


အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ