Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ၏ အ သွေး အ ချို့ အ ဝက် ကို ယူ၍ သန့် စေ ခြင်း လို သော သူ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ သုတ် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:14
16 ပူးပေါင်းရင်းမြစ်များ  

ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။


သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။


တစ်ဖန် ယဇ်ပုရောဟိတ်​သည် မစင်ကြယ်​ခြင်း​မှ​စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရန် အပြစ်ဖြေရာယဇ်​ကို​ပူဇော်​ရ​မည်​။ ထို့နောက်မှ မီးရှို့ရာယဇ်ကောင်​ကို သတ်​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​ကို​သတ်​ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။


သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။


သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။


သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။


အနာကြီးရောဂါ​လက္ခဏာ​နှင့်​ပတ်သက်၍ သတိပြု​လော့​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​က သင်​တို့​အား​ညွှန်ကြား​သော​အရာ​ရှိသမျှ​ကို အထူး​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​အား ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။


ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။


သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ