Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မီး ရှို့ ရာ သ က္ကာ စီ ရင် မြဲ နေ ရာ၌ ပြစ် ဒဏ် ပြေ ရာ သ က္ကာ ကို စီ ရင် စေ။ အ သွေး ကို ပ လ္လင် တော် ဘေး ပတ် လည်၌ သွန်း ပက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ကောင်​ကို​သတ်၍ အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:2
22 ပူးပေါင်းရင်းမြစ်များ  

သူ​သည် လူမျိုး​များစွာ​တို့​ကို သန့်ရှင်း​စေ​မည်​။ ရှင်ဘုရင်​တို့​သည် သူ့​ကြောင့် နှုတ်​ပိတ်​လျက်​နေ​မည်​။ အကြောင်းမူကား သူ​တို့​အား မ​ပြောပြ​ဖူး​သော​အရာ​ကို သူ​တို့​သိမြင်​ကြ​လိမ့်မည်​။ သူ​တို့​မ​ကြား​ဖူး​သော​အရာ​ကို​လည်း သူ​တို့​နားလည်​ကြ​လိမ့်မည်​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


မုခ်ဆောင်​ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​၊ အပြစ်ဖြေရာယဇ်ကောင်​၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်​တို့​ကို တင်သတ်​ကြ​၏​။


ယဇ်ကောင်​ကို ယဇ်ပလ္လင်​၏​မြောက်ဘက်ခြမ်း ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ကောင်​၏​သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


သူ​သည် နွားထီးပျို​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူဆောင်​လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို ဖျန်း​ရ​မည်​။


ထို​သိုးသငယ်​အထီး​ကို အပြစ်ဖြေရာယဇ်ကောင်​နှင့်​မီးရှို့ရာယဇ်ကောင်​တို့​ကို​သတ်​သော​နေရာ​ဖြစ်​သည့် သန့်ရှင်း​သော​နေရာ​၌ သတ်​ရ​မည်​။ အကြောင်းမူကား အပြစ်ဖြေရာယဇ်​ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်​ကို ယဇ်ပုရောဟိတ်​ပိုင်​၍ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။


သူ​သည် မိမိ​ပူဇော်​သော​နွား​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


သူ​သည် မိမိ​ပူဇော်​သော​သိုးသငယ်​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​သိုးသငယ်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


သူ​သည် မိမိ​လက်​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ၎င်း​ကို​သတ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။


သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်ကောင်​ကို သတ်​ရ​မည်​။


သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ ၎င်း​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်​အဖြစ် သတ်​ရ​မည်​။


သူ​ပြစ်မှား​မိ​ခဲ့​သည့် သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အတွက် အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သိုးထီး​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ခြင်း​ဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို ယဇ်ပလ္လင်​၏​နံရံ​၌ ဖျန်း​၍ ကျန်​သော​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ ညှစ်ချ​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။


“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ အပြစ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ ဤ​ယဇ်​သည် အလွန်​သန့်ရှင်းသောယဇ်​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​စေ​သော သူ​ကျူးလွန်​ခဲ့​သည့်​အပြစ်​အတွက် အပြစ်လွှတ်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​၏​နာဇရိ​လူ​ဖြစ်​ခြင်း​သည် ညစ်ညူး​သွား​သောကြောင့် ယခင်​ကာလ​သည် ပျက်ပြယ်​သွား​၏​။ ထို့ကြောင့် သူ​သည် နာဇရိ​လူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ဒုစရိုက်ဖြေရာယဇ်​အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ