သူသည် နေဂေ့အရပ်မှ ဗေသလမြို့သို့ ခရီးဆက်သွား၍ ဗေသလမြို့နှင့်အာဣမြို့ကြား၊ ယခင်က သူတဲဆောက်ခဲ့ရာအရပ်၊
ဝတ်ပြု 13:3 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီး လျှင် အနာပေါ်ရှိအမွေးများဖြူ၍အနာ တွင်းနက်နေလျှင် ထိုသူ၌ဆိုးဝါးသောကိုယ် ရေပြားရောဂါစွဲကပ်နေပြီဖြစ်သောကြောင့် မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေးရ မည်။- Garrad Bible ပ ရော ဟိတ် သည် အ သား အ ရေ၌ ရှိ သော အ မှတ် လ က္ခ ဏာ ကို ရှု ကြည့် ရာ အ မှတ် တွင် အ မွေး ဖြူ လျက် အ မှတ် လည်း အ သား အ ရေ ထက် နက် သည် ဟု ထင် မြင် လျှင် နူ နာ အ မှတ် လ က္ခ ဏာ မှန် သ ဖြင့် ရှု ကြည့် သော ပ ရော ဟိတ် သည် မ သန့် ကြောင်း ဖော် ပြ ရ မည်။ Judson Bible ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည်ဖြူလျှင်လည်းကောင်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်လည်းကောင်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟုစီရင်ရမည်။ |
သူသည် နေဂေ့အရပ်မှ ဗေသလမြို့သို့ ခရီးဆက်သွား၍ ဗေသလမြို့နှင့်အာဣမြို့ကြား၊ ယခင်က သူတဲဆောက်ခဲ့ရာအရပ်၊
အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။
သို့ဖြစ်လျှင် သန့်ရှင်းသောအရာနှင့်မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာနှင့်မစင်ကြယ်သောအရာကို ခွဲခြားနိုင်မည်။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ အရေပြားပေါ်၌ ဖြူသောအဖုအပိမ့်ရှိနေလျှင်လည်းကောင်း၊ အမွေးသည် ဖြူသွားလျှင်လည်းကောင်း၊ အဖုအပိမ့်ထဲတွင် အသားစိုနေလျှင်လည်းကောင်း
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ ထိုသူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပျံ့နေလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အနာကြီးရောဂါဖြစ်၏။
သူသည် အနာကိုကြည့်ရှုစစ်ဆေးသောအခါ အိမ်နံရံရှိအနာသည် စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင်ဖြစ်၍ နံရံထဲထိစွဲနေဟန်ရှိလျှင်
သူသည် လူ၏အညစ်အကြေးဖြစ်သည့် လူကိုမစင်ကြယ်စေသော အညစ်အကြေးတစ်စုံတစ်ရာအား ထိမိသည်ကို သတိမမူမိဘဲနေ၍ နောက်မှထိမိသည်ကို သိလာလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်မည်။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ယဇ်ပုရောဟိတ်တို့ကို ပညတ်တရားအကြောင်း မေးမြန်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်။ မြေကြီးပေါ်၌ သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။