Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 13:3 - Common Language Bible

3 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ပ ရော ဟိတ် သည် အ သား အ ရေ၌ ရှိ သော အ မှတ် လ က္ခ ဏာ ကို ရှု ကြည့် ရာ အ မှတ် တွင် အ မွေး ဖြူ လျက် အ မှတ် လည်း အ သား အ ရေ ထက် နက် သည် ဟု ထင် မြင် လျှင် နူ နာ အ မှတ် လ က္ခ ဏာ မှန် သ ဖြင့် ရှု ကြည့် သော ပ ရော ဟိတ် သည် မ သန့် ကြောင်း ဖော် ပြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ၏ အ​ရေ၌​ပေါ်​သော​အ​နာ​ကို ကြည့်​ရှု​သော​အ​ခါ၊ အ​နာ၌​ရှိ​သော အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​နာ​သည် အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်​လည်း​ကောင်း နူ​နာ​မှန်၏။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ကြည့်​ရှု​ပြီး​မှ၊ မ​စင်​ကြယ်​ဟု​စီ​ရင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ယဇ်ပုရောဟိတ်​သည် ကိုယ်ခန္ဓာ​အရေပြား​ပေါ်​ရှိ​အနာ​ကို ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​ထဲ​ရှိ​အမွေး​သည် ဖြူ​သွား​၍ ထို​အနာ​သည် ကိုယ်ခန္ဓာ​အရေပြား​အောက်​ကို​ရောက်​နေ​ဟန်​ရှိ​လျှင် အနာကြီးရောဂါ​လက္ခဏာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​အနာ​ကို ကြည့်ရှု​ပြီးနောက် အနာရှိသောသူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:3
29 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ခ​ရီး​အ​ဆင့်​ဆင့်​ဆက်​သွား​ပြီး​နောက် ဗေ​သ​လ​မြို့​သို့​ရှေ့​ရှု​လာ​ခဲ့​လေ​သည်။ သူ​သည်​ဗေ​သ​လ​မြို့​နှင့်​အာ​ဣ​မြို့​စပ်​ကြား​အ​ရပ်​သို့​ရောက်​ရှိ​လာ​၏။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။-


``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-


အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-


သင်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ၊ မ​ဆိုင်​သော​အ​ရာ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ တို့​ကို​ခွဲ​ခြား​တတ်​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊-


တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-


သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။


ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-


ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။


ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။


ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။


သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-


သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-


ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။


ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-


သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-


သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ