Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 13:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကယ်၍ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​နေ​၍ အရေပြား​အောက်​သို့​ရောက်​နေ​ဟန်​မ​ရှိ​၊ အမွေး​သည်​လည်း မ​ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ သား အ ရေ ၌ တောက် ထိန် ဖြူ ဆွတ်၍ အ မွေး မ ဖြူ ဘဲ အ သား အ ရေ ထက် မ နက် ဟု ထင် မြင် လျှင် မူ ကား ပ ရော ဟိတ် သည် အ မှတ် ရှိ သူ့ ကို ခု နစ် ရက် ပတ် လုံး​လှောင် ထား ပြီး မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ကိုယ်​အ​ရေ၌​ရှိ​သော နူ​ကွက်​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ အ​မွေး​မ​ဖြူ​လျှင်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ အ​နာ​ရှိ​သော​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:4
14 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့ လမ်းလွဲ​သွား​သောအခါ လေဝိ​အမျိုး​သည်​လည်း ငါ​နှင့်​ဝေးသွား​ကြ​၏​။ ငါ့​ထံမှ​လမ်းလွဲ​၍ ရုပ်တု​နောက်သို့ လိုက်​ကြ​၏​။ သူ​တို့​သည် ကိုယ့်​အပြစ်​ကိုယ်​ခံ​ကြ​ရ​မည်​။


ထို​သူ​၏​ကိုယ်ခန္ဓာ​အရေပြား​ပေါ်၌ ကြာမြင့်​စွာ​စွဲ​နေ​ပြီ​ဖြစ်​သော​အနာကြီးရောဂါ​ဖြစ်​၏​။ သူ​သည် မစင်ကြယ်​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​ကို သီးခြားထားစရာ​မ​လို​ဘဲ မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အစက်အပြောက်​ထဲ​ရှိ​အမွေး​သည်​ဖြူ​သွား​၍ ထို​အစက်အပြောက်​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျှင် ၎င်း​သည် အပူလောင်နာ​ရှိ​သော​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာကြီးရောဂါ​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​သောအခါ အစက်အပြောက်​ထဲ၌ အမွေး​သည် မ​ဖြူ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​ဘဲ ပါးသွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ကိုယ်ခန္ဓာ​အရေပြား​ပေါ်​ရှိ​အနာ​ကို ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​ထဲ​ရှိ​အမွေး​သည် ဖြူ​သွား​၍ ထို​အနာ​သည် ကိုယ်ခန္ဓာ​အရေပြား​အောက်​ကို​ရောက်​နေ​ဟန်​ရှိ​လျှင် အနာကြီးရောဂါ​လက္ခဏာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​အနာ​ကို ကြည့်ရှု​ပြီးနောက် အနာရှိသောသူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ယားနာ​ကို​ကြည့်ရှု​စစ်ဆေး​၍ ထို​အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​၊ အနာ​ပေါ်ရှိ​အမွေး​လည်း မ​မည်း​လျှင် ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​နေ​သော​သူ​အား ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ထို​သူ​၏​အနာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​၊ အနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ပြီးလျှင် အနာစွဲ​နေ​သော​ပစ္စည်း​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အိမ်​ထဲမှ အိမ်​တံခါးပေါက်​သို့​ထွက်လာ​၍ အိမ်​ကို ခုနစ်​ရက်​ပိတ်​ထား​ရ​မည်​။


ထာဝရဘုရား​က မောရှေ​အား “​သူ့​ဖခင်​သည် သူ့​မျက်နှာ​ကို တံတွေးထွေး​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး အရှက်ရ​မည်​မ​ဟုတ်​လော​။ သူ့​ကို တပ်စခန်း​၏​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​ရ​မည်​။ ထို့နောက်မှ သူ့​ကို​ပြန်ခေါ်လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် မိရိအံ​ကို တပ်စခန်း​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​၏​။ မိရိအံ​ကို ပြန်​မ​ခေါ်လာ​မီ​တိုင်အောင် လူ​တို့​သည် ခရီး​မ​ပြု​ဘဲ နေ​ကြ​၏​။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


မေးမြန်း​ရှာဖွေ​၍ အသေအချာ​စစ်ဆေး​ရ​မည်​။ သင်​တို့​တွင် ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြောင်း မှန်ကန်​သည်​ဆိုလျှင်


လူ​အချို့​တို့​၏​အပြစ်​များ​သည် တရား​စီရင်​ခြင်း​သို့​မ​ရောက်​မီ​ကပင် သိသာ​ထင်ရှား​၏။ အချို့​တို့​၏​အပြစ်​များ​မူကား နောက်မှ​ထင်ရှား​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ