သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
ဝတ်ပြု 11:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ Common Language Bible ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ Garrad Bible စား မိ သော သူ မူ ကား၊ အ၀တ် ဖွပ် လျှော် ၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ ဆောင် သွား သော သူ လည်း အ ဝတ် ဖွပ် လျှော် ၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ Judson Bible ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ |
သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောကြလော့။ သင်တို့၏ဆိုးညစ်သောလုပ်ရပ်တို့ကို ငါ့မျက်မှောက်မှ ဖယ်ရှားကြလော့။ ဆိုးညစ်သောအမှုပြုခြင်းကို ရပ်တန့်ကြလော့။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေလျှင်၊ သို့မဟုတ် သားရဲကိုက်၍သေလျှင် ယဇ်ပုရောဟိတ်တို့မစားရ။
၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များထဲမှ တစ်ကောင်ကောင်သေလျှင် ထိုအသေကောင်ကိုထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထိုသို့သောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုသူသည် ရေမချိုးလျှင် သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။
အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။