ယေဇကျေလ 4:14 - မြန်မာ့စံမီသမ္မာကျမ်း14 ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ငါ က အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ငယ် ရွယ် စဉ် က စ၍ ယ ခု တိုင် အောင် အို သေ၊ နာ သေ၊ သား ရဲ ကိုက် သေ၊ ပံ သု ကူ သား ကို စား ခြင်း၊ ရွံ ရှာ ဖွယ် အ သား ကို မြည်း ခြင်း မ ပြု သော ကြောင့်၊ မ သန့် ရာ မ ရောက် ခဲ့ ပါ ဟု လျှောက် ထား သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible14 ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊ အခန်းကိုကြည့်ပါ။ |