“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မြေကြီးပေါ်ရှိ တိရစ္ဆာန်အပေါင်းတို့ထဲမှ သင်တို့စား၍ရသောတိရစ္ဆာန်ဟူမူကား
ထာ ဝ ရ ဘု ရား က မြေ ကြီး တိ ရ စ္ဆာန် တို့ အ နက် စား အပ် သော သ တ္တ ဝါ မျိုး ကား၊ ဤ သို့ တည်း ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ကြ လော့။
သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
ထိုသတ္တဝါတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်သောကြောင့် ၎င်းတို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း ရွံရှာရမည်။
ရွံရှာဖွယ်ဖြစ်သည်ဟု မှတ်၍ မစားရမည့်ရွံရှာဖွယ်ငှက်များမှာ လင်းယုန်၊ လင်းတ၊ ဝန်ပို၊
သို့ရာတွင် ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့ထဲမှ မြေကြီးပေါ်၌ခုန်ပျံရန် ခြေနှစ်ချောင်းထပ်ပါသည့်အကောင်များကို သင်တို့စားခွင့်ရှိ၏။
မြေကြီးပေါ်၌ တွားသွားသောသတ္တဝါတို့တွင် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဟူမူကား မြွေပါ၊ ကြွက်၊ ပုတတ်အမျိုးမျိုး၊
တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သောတိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။
ထိုအိုးခွက်မှရေသည် စားမည့်အစားအစာတစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုစားစရာသည်မစင်ကြယ်။ ထိုအိုးခွက်ထဲရှိ သောက်မည့်အရည်တစ်စုံတစ်ရာသည်လည်း မစင်ကြယ်။
သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များထဲမှ တစ်ကောင်ကောင်သေလျှင် ထိုအသေကောင်ကိုထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
သို့သော်လည်း စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့ထဲမှ သင်တို့စားခွင့်မရှိသောအကောင်ဟူမူကား ကုလားအုတ်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။