သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
ရှမွေလသည် ဧလကာန၏သား၊ ဧလကာနသည် ယေရောဟံ၏သား၊ ယေရောဟံသည် ဧလျေလ၏သား၊ ဧလျေလသည် တောအာ၏သား၊
ဆေးကြောရန်အတွက် အင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး ထားရှိ၏။ မီးရှို့ရာယဇ်နှင့်ဆိုင်သောအကောင်များကို ထိုအင်တုံများတွင် ဆေးကြောရ၏။ ယဇ်ပုရောဟိတ်များမူကား ရေကန်ထဲတွင် ဆေးကြောသန့်စင်ရ၏။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
အကျွန်ုပ်သည် သိုးထီးနံ့သာပေါင်းနှင့်အတူ ဆူဖြိုးသောတိရစ္ဆာန်တို့ကို မီးရှို့ရာယဇ်အဖြစ် ကိုယ်တော့်ထံပူဇော်ပါမည်။ နွားနှင့်ဆိတ်ထီးတို့ကိုလည်း ပူဇော်ပါမည်။(စေလာ)
အစိမ်းလိုက်ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ မစားရ။ ဦးခေါင်းနှင့်တကွ ခြေထောက်နှင့် အူတို့ကို မီးကင်ပြီးမှစားရမည်။
ထိုသိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာ၍ ကွဲလွင့်ရာအရပ်ရပ်မှ ပြန်လည်စုစည်းသောအခါ ငါသည် သင်တို့ကို မွှေးကြိုင်သောရနံ့အဖြစ် လက်ခံမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့ရှေ့တွင် ငါထင်ရှားပြမည်။
မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ငှက်ကို အတောင်ပံမှ ဆွဲဖြဲရမည်။ နှစ်ပိုင်းမပြတ်စေရ။ ယဇ်ပုရောဟိတ်သည် ၎င်းကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် လော်ဗန်ရှိသမျှနှင့်တကွ ကြိတ်ထားသောအစေ့နှင့်ဆီထဲမှ ပူဇော်သက္ကာအမှတ်သညာကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ရှို့ရမည်။
အာရုန်၏သားယဇ်ပုရောဟိတ်တို့ထံသို့ ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုပူဇော်သက္ကာထဲမှ လော်ဗန်ရှိသမျှနှင့်တကွ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာကို ဘောဇဉ်ပူဇော်သက္ကာထဲမှယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
ထို့နောက် မောရှေသည် ထိုအရာတို့ကို သူတို့၏လက်ထဲမှယူ၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်ဖြစ်၏။
အူနှင့်ခြေထောက်ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
လဆန်းတစ်ရက်နေ့တိုင်း အပြစ်အနာအဆာကင်းသည့် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။
နောက်သိုးသငယ်တစ်ကောင်ကို နံနက်အချိန်ဘောဇဉ်ပူဇော်သက္ကာကဲ့သို့လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာကဲ့သို့လည်းကောင်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်အဖြစ် နေဝင်ချိန်၌ ပူဇော်ရမည်။
အကြောင်းမူကား ငါတို့သည် ကယ်တင်ခြင်းခံရသောသူတို့တွင်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်လည်းကောင်း ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏မွှေးကြိုင်သောရနံ့ဖြစ်ကြ၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။