တောလည် 28:7 - မြန်မာ့စံမီသမ္မာကျမ်း7 သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။ အခန်းကိုကြည့်ပါ။Common Language Bible7 ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။- အခန်းကိုကြည့်ပါ။Garrad Bible7 သိုး သား ငယ် တစ် ကောင် နှင့် တ ကွ သွန်း လောင် ရာ သ က္ကာ အ ဖြစ် သေ ရည် သေ ရက် တစ် ပိဿာ ကို သန့် ရှင်း ရာ ဌာ န တော်၌ ထာ ဝ ရ ဘု ရား ထံ သွန်း လောင်း လော့။ အခန်းကိုကြည့်ပါ။Judson Bible7 သိုးသငယ်တစ်ကောင်နှင့်အတူ သွန်းလောင်းရာပူဇော်သကာဖို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာပူဇော်သကာဖို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။ အခန်းကိုကြည့်ပါ။ |
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။