ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
လုကာ 12:45 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင် Common Language Bible သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။- Garrad Bible အ ကယ်၍ ထို ထို ကျွန် က ငါ့ အ ရှင် ကြန့် ကြာ သည် ဟု အောက် မေ့ လျက် ကျွန် ချင်း ယောက်ျား မိန်း မ တို့ ကို ရိုက် ပုတ်၍ သောက် စား မူး ယစ် ရှိ နေ လျှင်၊ Judson Bible သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအစေခံက ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်၍ အခြားသောအစေခံယောက်ျား၊ အစေခံမိန်းမတို့အား ရိုက်နှက်ကာ သောက်စားမူးယစ်လျက်နေလျှင် မြန်မာ သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။- |
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ကြည့်ရှုလော့။ ထိုအရာတို့ကို ငါ့ရှေ့မှောက်တွင်ရေးမှတ်ထားပြီ။ ငါသည် တိတ်ဆိတ်စွာမနေဘဲ ပြန်ပေးဆပ်စေမည်။ သူတို့ကို အပြည့်အဝ ပြန်ပေးဆပ်စေမည်။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သိုးထိန်းမရှိသောကြောင့် ငါ့သိုးတို့သည် သားကောင်များဖြစ်သွားရပြီ။ တောရိုင်းတိရစ္ဆာန်တို့၏အစာဖြစ်ရပြီ။ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မရှာဖွေ။ ငါ့သိုးတို့ကို မထိန်းကျောင်း၊ သူတို့ကိုယ်ကိုသာ ကြည့်ရှု၏’ဟု မိန့်တော်မူ၏။
အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။
ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
“လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။
ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါ၌ အိပ်ပျော်တတ်ကြ၏။ ယစ်မူးသောသူတို့သည်လည်း ညအခါ၌ ယစ်မူးတတ်ကြ၏။
မတရားမှု၏အဖိုးအခအဖြစ် မတရားသဖြင့်ပြုမူခြင်းကို ခံကြရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပျော်ရွှင်မှုဟုမှတ်ယူလျက် သင်တို့နှင့်အတူစားသောက်စဉ် မိမိတို့၏လှည့်ဖြားမှုထဲ၌ မွေ့လျော်ကြ၍ အစွန်းအထင်းနှင့်အပြစ်အနာအဆာများကဲ့သို့ဖြစ်ကြ၏။
သူတို့သည် ထိုသူတို့အား လွတ်လပ်မှုကိုပေးမည်ဟု ကတိပေးလျက်နှင့် သူတို့ကိုယ်တိုင်သည် ပျက်စီးခြင်း၏ကျေးကျွန်များဖြစ်ကြ၏။ အကြောင်းမူကား လူသည် တစ်စုံတစ်ခု၏အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် ထိုအရာ၏ကျေးကျွန်ဖြစ်၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။