Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 12:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 “​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အ ချင်း လူ့ သား၊ နေ့ ရက် ကာ လ ရှည် လျား၍၊ ရူ ပါ ရုံ ဟူ သ မျှ ပျက် ယွင်း ပြီ ဟု၊ ဣ သ ရေ လ ပြည်၌ ဆို ရိုး ကား၊ အ သို့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 12:22
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။


သူ​တို့​က ‘​အိမ်​ဆောက်​ရ​မည့် အချိန်​မ​ရောက်​သေး​ပါ​။ ဤ​မြို့​ကား ဟင်းအိုး​၊ ငါ​တို့​ကား အသား​ဖြစ်​၏​’​ဟု ပြော​တတ်​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


“​အချင်း​လူသား​၊ ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​က ‘​သူ​မြင်​ရ​သော​ဗျာဒိတ်နိမိတ် ပြည့်စုံ​မည့်​အချိန် ဝေး​သေး​၏​။ အလွန်​ဝေး​သော​အနာဂတ်​အကြောင်း​ကို သူ​ဟောပြော​၏​’​ဟု ဆို​တတ်​ကြ​၏​။


စကားပုံဖွဲ့​တတ်​သူ​တိုင်း​က သင့်​ကို မအေတူ​သမီး​ဟု စကားပုံဖွဲ့​ကြ​လိမ့်မည်​။


ဘေးဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ရောက်လာ​မည်​။ သတင်းစကား တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​မည်​။ ပရောဖက်​တို့​ထံမှ ဗျာဒိတ်နိမိတ်​ကို မေးမြန်း​သော်လည်း ရ​မည်​မ​ဟုတ်​။ ယဇ်ပုရောဟိတ်​တို့​ထံမှ တရားတော်​၊ သက်ကြီးဝါကြီး​တို့​ထံမှ အကြံဉာဏ်​တို့​သည်​လည်း ပျောက်ဆုံး​လိမ့်မည်​။


သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။


“လူမျိုးတကာ​တို့​ကို ကြည့်ရှု​၍ ဆင်ခြင်​ကြ​လော့​။ အံ့အားသင့်​လျက်​နေ​လော့​။ အကြောင်းမူကား သင်​တို့​ကြား​၍ မ​ယုံ​နိုင်​သော​အမှု​ကို သင်​တို့​လက်ထက်​တွင် ငါ​ဖြစ်ပျက်​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ