တရားဟော 12:12 - မြန်မာ့စံမီသမ္မာကျမ်း12 သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible12 သား၊ သ မီး၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ တို့ နှင့် တ ကွ၊ သင် တို့ ဘောင် တွင် အ မွေ ဝေ ပုံ စု မ ရ သော ဂါ မ ဝါ သီ လေ ဝိ ဂိုဏ်း သား တို့ ပါ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ အား ရ ရွှင် လန်း ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဖို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသော လေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။ အခန်းကိုကြည့်ပါ။ |
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။