အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 12:42 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ရှင် ဘု ရား က လုပ် သား တို့ အ ပေါ် တွင် ထိုက် သင့် ရာ အ ခ စား နပ် ရိ က္ခာ ကို ဝေ ပေး ရန် အ ရှင် ခန့် ထား၍ သ စ္စာ နှင့် သ တိ ပ ညာ ရှိ သော ဘ ဏ္ဍာ စိုး ကား မည် သူ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။



လုကာ 12:42
29 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အလုပ်​အမျိုးမျိုး​ကို လုပ်ဆောင်​နေ​သော​လက်မှုပညာသည်​အပေါင်း​တို့​သည် ကိုယ်​အလုပ်လုပ်​နေ​သည့်​လုပ်ငန်းခွင်​အသီးသီး​မှ မောရှေ​ထံသို့​လာ​၍


လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။


လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။ သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။


သဖန်းပင်​ကို​ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် သဖန်းသီး​ကို​စား​ရ​လိမ့်မည်​။ မိမိ​၏​သခင်​ကို စောင့်ရှောက်​သော​သူ​သည် ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။


မိုးမလင်းမီ​ထ​ပြီး မိမိ​အိမ်သူအိမ်သား​များ​အတွက် စားစရာ​ကို​ပြင်ဆင်​၍ အစေခံ​မိန်းကလေး​များ​ကို အလုပ်​ခွဲဝေ​သတ်မှတ်​ပေး​တတ်​၏​။


မောပန်း​သော​သူ​အမောပြေ​စေရန် မည်သို့​ပြောဆို​ရ​မည်​ကို သိရှိ​ဖို့ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​အား နှုတ်မှုပညာ​ကို​သွန်သင်​ပေး​တော်မူ​၏​။ နံနက်တိုင်း ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ စာသင်သား​ကဲ့သို့ နားထောင်​ဖို့ ငါ့​ကို​နှိုးဆော်​တော်မူ​၏​။


သူ​တို့​ကို ထိန်းကျောင်း​မည့်​သိုးထိန်း​များ​ကို ငါ​ခန့်ထား​မည်​။ သူ​တို့ ကြောက်ရွံ့​ထိတ်လန့်​ရ​တော့​မည်​မ​ဟုတ်​။ ပျောက်ဆုံး​ခြင်း​လည်း​ရှိ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​သည် သိုး​ဆီ​ကို​စား​ပြီး သိုးမွေး​ကို​ဝတ်​ကြ​၏​။ ဆူဖြိုး​သော​အကောင်​ကို​လည်း သတ်စား​ကြ​၏​။ သို့သော် သိုး​တို့​ကို​မူ မ​ကျွေးမွေး​ကြ​။


ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။


မိမိ​သခင်​ပြန်လာ​သောအခါ ထိုသို့​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။


သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“မ​ငို​နှင့်”​ဟု မိန့်​တော်မူ​၏။


သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။


သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။


ငါ​နှောင့်နှေး​ခဲ့​လျှင်​ပင် သမ္မာတရား​၏​မဏ္ဍိုင်​နှင့်​အုတ်မြစ်​ဖြစ်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသင်းတော်​တည်းဟူသော ဘုရားသခင်​၏​အိမ်​တော်​တွင် မည်ကဲ့သို့​အသက်ရှင်​နေထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အတွက်​ဖြစ်​၏။


ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သော​အသင်းတော်​အကြီးအကဲ​များ အထူးသဖြင့် နှုတ်ကပတ်တော်​ဝေငှ​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​အတွက် အားထုတ်​လုပ်ဆောင်​နေ​သော​အကြီးအကဲ​များ​သည် နှစ်ဆ​သော​ဂုဏ်ပြု​ခြင်း​ကို ခံထိုက်​သည်​ဟု မှတ်ယူ​လော့။


နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။


အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ


သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။


မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။


သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။