ရှိမိသည် ချက်ချင်းထ၍ မြင်းကိုကုန်းနှီးတင်ပြီး သူ့အစေအပါးတို့ကိုရှာရန် အာခိတ်မင်းကြီးရှိရာ ဂါသမြို့သို့သွားလေ၏။ ရှိမိသည် သွား၍ မိမိအစေအပါးတို့ကို ဂါသမြို့မှ ပြန်ခေါ်လာခဲ့၏။
လုကာ 12:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။ Garrad Bible လူ ပ ရိ သတ် အား လည်း ခပ် သိမ်း သော တပ် မက် ခြင်း မှ ကိုယ် ကို သ တိ နှင့် ကွယ် ကာ ကြ လော့။ ပ စ္စည်း များ ပြား ခြင်း၌ လူ့ အ သက် တည် သည် မ ဟုတ် ဟု မိန့် တော် မူ၏။ Judson Bible ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။ |
ရှိမိသည် ချက်ချင်းထ၍ မြင်းကိုကုန်းနှီးတင်ပြီး သူ့အစေအပါးတို့ကိုရှာရန် အာခိတ်မင်းကြီးရှိရာ ဂါသမြို့သို့သွားလေ၏။ ရှိမိသည် သွား၍ မိမိအစေအပါးတို့ကို ဂါသမြို့မှ ပြန်ခေါ်လာခဲ့၏။
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ဥစ္စာဘဏ္ဍာအနည်းငယ်သာရှိပြီး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဥစ္စာဘဏ္ဍာများစွာရှိပြီး ရှုပ်ထွေးသောပြဿနာနှင့်ကြုံရခြင်းထက် ပို၍ကောင်း၏။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
ထိုးထွင်းဉာဏ်ကင်းမဲ့သောအုပ်ချုပ်သူမင်းသည် အလွန်ဖိနှိပ်ညှဉ်းပန်းတတ်၏။ မတရားသောအကျိုးစီးပွားကိုရွံမုန်းသောသူသည် အသက်ရှည်လိမ့်မည်။
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သူတို့သည် တပ်မက်သဖြင့် လယ်မြေများကို လုယူကြ၍ အိမ်များကိုလည်း သိမ်းပိုက်ကြ၏။ ဤသို့ဖြင့် တစ်ပါးသူနှင့်သူ၏အိမ်၊ တစ်ပါးသူနှင့်သူ၏အမွေဥစ္စာကို အနိုင်အထက်ပြုကြ၏။
ဘေးအန္တရာယ်မှလွတ်မြောက်ရန် မိမိအသိုက်ကို မြင့်သောနေရာ၌ဆောက်သောသူ၊ မတရားအကျိုးစီးပွားကို မိမိအိမ်အဖို့ရှာသောသူသည် အမင်္ဂလာရှိ၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။
တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့်
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။
သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။
သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။