ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ရှင်ယောဟန် 8:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။ Common Language Bible ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။- Garrad Bible ထိုသူတို့သည်ကြားရလျှင် သြတ္တပ္ပစိတ်ရှိလျက် အကြီးမှစ၍အငယ်တိုင်အောင် တစ်ယောက်နောက်တစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းကျန်ရစ်တော်မူလျက် မိန်းမလည်း ရပ်မြဲရပ်နေ၏။ Judson Bible ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။ မြန်မာ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။- |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
မိုးကောင်းကင်သည် သူ့အပြစ်များကို ဖော်ထုတ်ပြီး မြေကြီးသည် သူ့ကိုဆန့်ကျင်ထကြွလိမ့်မည်။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
အကျွန်ုပ်အသက်ကိုဖျက်ဆီးရန် ရှာကြံသောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကိုဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
သင်ကိုယ်တိုင်လည်း အခြားသောသူများကိုအကြိမ်ပေါင်းများစွာကျိန်ဆဲခဲ့ကြောင်း သင့်စိတ်ကသိ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။
ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍“အသင်မိန်းမ၊ ထိုသူတို့အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူ တစ်ယောက်မျှမရှိသလော”ဟု မေးတော်မူလျှင်
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။
ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင်
မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်တင်ခဲ့လျှင်လည်း ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူ၏။