Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:9 - မြန်မာ

9 ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထိုသူတို့သည်ကြားရလျှင် သြတ္တပ္ပစိတ်ရှိလျက် အကြီးမှစ၍အငယ်တိုင်အောင် တစ်ယောက်နောက်တစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းကျန်ရစ်တော်မူလျက် မိန်းမလည်း ရပ်မြဲရပ်နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို​သူတို့​သည် ယေရှု​၏ စကားတော်​ကို ကြား​သောအခါ အသက်ကြီးသူများ​က အစပြု​၍ တစ်ယောက်ပြီး​တစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှု​သာလျှင် ထို​နေရာ​၌​ရပ်နေသော ထို​အမျိုးသမီး​နှင့် ကျန်ရစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:9
22 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။


ထို​အ​ခါ​ယေ​ရှု​သည် ကိုယ်​ကို​လှန်​တော်​မူ​ပြန်၍၊ ထို​မိန်း​မ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​လျှင်၊ အ​ချင်း မိန်း​မ၊ သင့်​ကို အ​ပြစ်​တင်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင်၏​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​စီ​ရင်​လော ဟု​မေး​တော်​မူ၏။-


တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-


မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​လျက်​နေ​သော မိန်း​မ​တစ်​ယောက်​ကို​တွေ့​လျှင်၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​ခေါ်​ခဲ့၍ အ​လယ်၌​ထား​ပြီး​မှ၊-


တစ်​ဖန်​အောက်​သို့​ငုံ့၍ မြေ၌ ရေး​သား​တော်​မူ​ပြန်၏၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ