Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 20:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 20:5
25 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယွာဘ​က “​သင်​နှင့် ယခုလို အချိန်ဖြုန်း​မ​နေ​နိုင်​ပါ​”​ဟု ဆို​လျက် လှံ​သုံး​စင်း​ကို​ယူ​၍ သပိတ်ပင်​၌​တွဲလွဲကျ​လျက် အသက်ရှင်​နေ​သေး​သော အဗရှလုံ​ထံ​သွား​၍ သူ့​နှလုံး​ထဲသို့ ထုတ်ချင်းပေါက်​အောင် ထိုး​လေ​၏​။


ယွာဘ​၏​လက်နက်​ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။


ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။


အကြောင်းမူကား သင်​တို့​က ‘​မင်းအရာရှိ​အိမ်​ကား အဘယ်မှာ​နည်း​။ လူဆိုး​တို့​နေ​သော​တဲ​ကား အဘယ်မှာ​နည်း​’​ဟု မေး​တတ်​ကြ​၏​။


ဘုရားတရားမဲ့​သော​သူ​သည် ပျက်စီး​၍ သူ့​အသက်​ကို ဘုရားသခင် နုတ်ယူ​ပစ်​လိုက်​သောအခါ သူ​၏​မျှော်လင့်​ရာ​ကား အဘယ်မှာ​နည်း​။


သို့ဖြစ်၍ ဘုရားတရားမဲ့​သော​သူ​သည် အုပ်စိုးခွင့်​ရှိ​တော့​မည်​မ​ဟုတ်​၊ လူ​တို့​ကို​လည်း ထောင်ချောက်ဆင်​နိုင်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။


ဆိုးမိုက်​သော​သူ အမြစ်တွယ်​နေ​သည်​ကို ငါ​မြင်​လျှင် သူ့​နေရာ​ကို ငါ ချက်ချင်း​ကျိန်ဆဲ​မိ​၏​။


ကြည့်ရှု​လော့​။ ဤသည်ကား သူ​နှစ်သက်​သော​ခရီးလမ်း​ဖြစ်​၏​။ မြေကြီး​မှ​လည်း အခြား​အပင်​တို့ ထပ်​ပေါက်​ကြ​လိမ့်မည်​။


ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။


ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင်​၊ အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင် ရွှင်မြူး​ကြ​မည်နည်း​။


သူ​တို့​သည် မောက်မာ​သော​စကား​များ​ကို မြွက်ဟ​ပြောဆို​ကြ​ပါ​၏​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဝါကြွား​ကြ​ပါ​၏​။


‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။


လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။


သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ