သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
ရောမ 16:3 - မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။- Garrad Bible ခ ရစ် တော် ယေ ရှု၌ ငါ့ လုပ် ဘော် ဆောင် ဘက် ပြစ် က နှင့် အာ ကု လ တို့ ကို နှုတ် ဆက် ကြ လော့။ Judson Bible ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။ |
သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။
ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
ထိုသို့သောသူတို့မှစ၍ သူတို့နှင့်အတူလုပ်ဆောင်လျက် ကြိုးစားအားထုတ်နေသောသူအားလုံးတို့ကိုနာခံကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
အာရှပြည်ရှိအသင်းတော်များသည် သင်တို့ကိုနှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌စုဝေးသောအသင်းတော်သည် သခင်ဘုရား၌ သင်တို့ကို လှိုက်လှဲစွာနှုတ်ဆက်ကြ၏။
လွန်ခဲ့သောတစ်ဆယ့်လေးနှစ်က တတိယကောင်းကင်တိုင်အောင် ချီဆောင်ခြင်းခံရသည့် ခရစ်တော်၌တည်သောလူတစ်ဦးကို ငါသိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော၊ သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်သွားခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
သို့ရာတွင် ခရစ်တော်၌တည်သော ယုဒပြည်ရှိ အသင်းတော်များသည် ငါနှင့်လူချင်းမသိကြသေးဘဲ
သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
ယုစတုဟုခေါ်သောယေရှုလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ အရေဖျားလှီးထားသောသူတို့ထဲတွင် ဤသူတို့သာလျှင် ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူလုပ်ဆောင်သောသူများဖြစ်ကြပြီး ငါ့အား နှစ်သိမ့်မှုပေးသောသူများဖြစ်ကြ၏။