Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 4:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ယုစတု​ဟု​ခေါ်​သော​ယေရှု​လည်း သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင် ဤ​သူ​တို့​သာလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​ဖြစ်​ကြ​ပြီး ငါ့​အား နှစ်သိမ့်​မှု​ပေး​သော​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး သူ တို့ အ နက် ထို သူ တို့ သာ လျှင် ဘု ရား သ ခင့် နိုင် ငံ တော် အ လို့ ငှာ ငါ့ လုပ် ဖော် ဆောင် ဖက် ငါ့ ကို နှစ် သိမ့် စေ သူ များ ဖြစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ယုတ္တု​ခေါ် ယေရှု​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆောင်ရွက်ကြသော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်များ​အနက် ဤ​သူတို့​သာလျှင် ဂျူးလူမျိုးများ ဖြစ်ပြီး ကျွန်ုပ်​ကို အမှန်တကယ် အကူအညီ​ပေးသော​သူများ ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 4:11
16 ပူးပေါင်းရင်းမြစ်များ  

ပေတရု​နှင့်အတူ​လိုက်​ပါ​လာ​သည့် အရေဖျား​လှီး​ထား​သော ယုံကြည်​သူ​ရှိသမျှ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော​ကောင်းချီး​လက်ဆောင်​ကို လူမျိုးခြား​တို့​အပေါ်၌​လည်း သွန်းလောင်း​တော်မူ​သည့်​အတွက် အလွန်​အံ့ဩ​ကြ​၏။


သို့ဖြစ်၍ ပေတရု​သည် ဂျေရုဆလင်​မြို့​သို့ တက်​ရောက်​လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​က


ခရစ်တော်​ယေရှု​၌ ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်ကိလ​နှင့်​အာကုလ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။


ထို့ပြင် အာဗြဟံ​အား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အဖ​ဖြစ်​စေရန်​နှင့် အရေဖျား​လှီး​ထား​သော​သူ​သာမက​ဘဲ အရေဖျား​မ​လှီး​မီ​က​ပင် ငါ​တို့​အဖ​အာဗြဟံ​၌​ရှိ​သော ယုံကြည်​ခြင်း​ခြေရာ​ကို လိုက်လျှောက်​သော​သူ​တို့​၏​အဖ​လည်း ဖြစ်​စေရန်​အတွက်​ဖြစ်​၏။


ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။


အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။


သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​၌ ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိမောသေ​ကို စေလွှတ်​လိုက်​၏။ သူ့​ကို​စေလွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ပတ်သက်၍ သင်​တို့​ကို တိုက်တွန်း​နှိုးဆော်​၍ ခိုင်ခံ့​မြဲမြံ​စေရန်​နှင့်


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ခက်ခဲ​ကျပ်တည်း​ခြင်း​နှင့်​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံရ​စဉ်​တွင် သင်​တို့​၏​ယုံကြည်​ခြင်း​ကြောင့် သင်​တို့​နှင့်​ပတ်သက်၍ နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​၏။


အကြောင်းမူကား နာခံ​မှု​မ​ရှိ​သော​သူ၊ အကျိုးမဲ့​စကား​ပြောဆို​သော​သူ​နှင့် လိမ်လည်​သော​သူ များစွာ​ရှိ​ကြ​၏။ အထူးသဖြင့် အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင်​ရှိ​ကြ​၏။


ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက် ဖိလေမုန်​မှစ၍


ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် မာကု၊ အာရိတ္တာခု၊ ဒေမ​နှင့် လုကာ​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ