ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
ရောမ 14:1 - မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။ Common Language Bible ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။- Garrad Bible ယုံ ကြည် ခြင်း အား နည်း သူ့ ကို လက် ခံ ရာ တွင်၊ သူ့ စေ တ နာ ကို အ ပြစ် မ တင် ရ။ Judson Bible ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဖွယ်သော ပြဿနာတို့ကို ထိုသူနှင့် မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။ |
ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။
ပျောက်သောသိုးကို ပြန်ရှာမည်။ လမ်းလွဲသောသိုးကို ပြန်ခေါ်လာမည်။ ဒဏ်ရာရသောသိုးကို ကျပ်စည်းပေးမည်။ အားနည်းသောသိုးကို အားရှိစေမည်။ သို့သော် ဆူဖြိုးသန်မာသောသိုးကိုမူ ငါသုတ်သင်ပစ်မည်။ ငါသည် သိုးတို့ကို တရားသဖြင့် ကျွေးမွေးထိန်းကျောင်းမည်’ဟု မိန့်တော်မူ၏။
အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
အကြောင်းမူကား ငါသည် ထိုပြည်တွင် သိုးထိန်းတစ်ဦးကို ပေါ်ထွန်းစေမည်။ သူသည် ပျောက်သောသိုးတို့ကို ဂရုမစိုက်၊ သိုးသငယ်တို့ကို မရှာဖွေ၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ဆေးမကု၊ ဆာလောင်သောသိုးတို့ကိုလည်း မကျွေးမွေးဘဲ ဆူဖြိုးသောသိုးတို့ကိုမူ ခွာကိုချွတ်ပစ်ပြီး အသားကို စားလိမ့်မည်။
တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်းသတ်မည်မဟုတ်။
ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
ထိုသူသည် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသည်ထက် ကြိတ်ဆုံကျောက်ကို မိမိလည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏”ဟု မိန့်တော်မူ၏။
ကျွန်းသားတို့သည် ငါတို့အား ထူးခြားသောချစ်ခင်ကြင်နာမှုကိုပြသကြ၏။ မိုးရွာ၍ချမ်းအေးသောကြောင့် သူတို့သည် မီးဖိုလျက် ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။
အကြောင်းမူကား သူတို့ပစ်ပယ်ခံရခြင်းသည် လောကီသားတို့အတွက် ပြန်လည်သင့်မြတ်ခြင်းအခွင့်ဖြစ်လျှင် သူတို့ကို ပြန်၍လက်ခံခြင်းသည် သေလွန်သောသူတို့အသက်ပြန်ရှင်ခြင်းဖြစ်လိမ့်မည်မဟုတ်လော။
အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။
အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။
စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
ခရစ်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်အတွက် သင်တို့ကိုလက်ခံသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးလက်ခံကြလော့။
သူသည် အသက်တစ်ရာခန့်ရှိ၍ မိမိကိုယ်ခန္ဓာသည် သေသူကဲ့သို့ဖြစ်နေကြောင်းကိုလည်းကောင်း၊ စာရာ၏ဝမ်းသည် သေနေကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့သော်လည်း ယုံကြည်ခြင်း၌ အားနည်းခြင်းမရှိ။
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
ဤသွန်သင်ချက်မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို အိမ်၌လက်မခံကြနှင့်။ နှုတ်ခွန်းလည်းမဆက်ကြနှင့်။