Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ယော 1:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤ​သွန်သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထို​တရား​တော်​ကို​မ​သွန်​သင်​သော​သူ​သည် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ သင် တို့​အိမ်​တွင်​လက်​မ​ခံ​ကြ​နှင့်။ သူ့​အား​နှုတ် ခွန်း​ပင်​မ​ဆက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မည် သူ မ ဆို ထို ဒေ သ နာ တော် မ ကြော် ငြာ ဘဲ သင် တို့ ထံ ရောက် လာ လျှင် ဧည့် မ ခံ နှင့်။ နှုတ် ခွန်း လည်း မ ဆက် နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယော 1:10
14 ပူးပေါင်းရင်းမြစ်များ  

“​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ ယနေ့ အကျွန်ုပ်​၏​အမှု​ကို အထမြောက်​အောင်မြင်​စေ​၍ အကျွန်ုပ်​၏​သခင်​အာဗြဟံ​အား မေတ္တာကရုဏာ​ကို​ပြ​တော်မူ​ပါ​။


ဘုရားသခင်​၏​လူ​က “​သင်​နှင့်အတူ မ​လိုက်​နိုင်​ပါ​။ သင်​နှင့်အတူ ပြန်လိုက်​သွား​ပြီး ဤ​အရပ်​၌ အစာ​ကို​လည်း မ​စား​၊ ရေ​ကို​လည်း မ​သောက်​နိုင်​ပါ​။


ဖြတ်သွား​သော​သူ​တို့​က​လည်း “​ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် သင်​တို့​အပေါ်​၌​ရှိ​ပါစေ​။ ငါ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ သင်​တို့​ကို ကောင်းချီးပေး​ကြ​၏​”​ဟု​လည်း မ​ပြောဆို​ကြ​ချေ​။


ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။


သို့သော် အမှန်အားဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီအစ်ကို​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သူ​တစ်စုံတစ်ဦး​သည် တရားနှင့်မညီ​မေထုန်ပြု​သူ၊ လောဘ​လွန်ကျူး​သူ၊ ရုပ်တု​ကိုးကွယ်​သူ၊ ဝေဖန်​ပုတ်ခတ်​သူ၊ သောက်​စား​မူးယစ်​သူ၊ လိမ်လည်​လုယူ​သူ​ဖြစ်​လျှင် ထိုကဲ့သို့သော​သူ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်အတူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ၍​ဖြစ်​၏။


တစ်စုံတစ်ယောက်​သည် ဤ​စာ​အားဖြင့် ငါ​တို့​မှာကြား​သော​စကား​ကို​နားမထောင်​လျှင် ထို​သူ​အား အရှက်ရ​စေရန် သူ့​ကို​မှတ်ထား​လျက် သူ​နှင့်​အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။


ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။


ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သတိပေး​ပြီးလျှင် ပယ်ရှား​လော့။


အကြောင်းမူကား ထိုသို့သော​သူ​ကို​နှုတ်ခွန်းဆက်​လျှင် သူ​၏​ဆိုးညစ်​သော​အမှု​၌ ပါဝင်​ရာ​ရောက်​၏။


ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ