Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 11:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကြောင်းမူကား ငါ​သည် ထို​ပြည်​တွင် သိုးထိန်း​တစ်​ဦး​ကို ပေါ်ထွန်း​စေ​မည်​။ သူ​သည် ပျောက်​သော​သိုး​တို့​ကို ဂရု​မ​စိုက်​၊ သိုးသငယ်​တို့​ကို မ​ရှာဖွေ​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ဆေး​မ​ကု​၊ ဆာလောင်​သော​သိုး​တို့​ကို​လည်း မ​ကျွေးမွေး​ဘဲ ဆူဖြိုး​သော​သိုး​တို့​ကို​မူ ခွာ​ကို​ချွတ်ပစ်​ပြီး အသား​ကို စား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 အ သို့ ဆို သော်။ ပျောက် သော အ ကောင် ကို သ တိ မူ ခြင်း၊ လမ်း လွဲ ရာ ကို လိုက် ရှာ ခြင်း၊ ချို့ တဲ့ ရာ ကို ကျပ် စည်း ခြင်း၊ လက် ရှိ ရာ ကို ကျွေး မွေး ခြင်း မ ပြု ဘဲ၊ ဆူ ဖြိုး ရာ များ ကို စား လျက်၊ ခွာ ကျိန်း စေ သော အ ထိန်း အ ကျောင်း ကို၊ ပြည် တော် တွင် ငါ ပေါ် ပေါက် စေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​ကြောင်း​မူ​ကား၊ ဤ​ပြည်၌ သိုး​ထိန်း​တစ်​ဦး​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ သူ​သည် အ​သတ်​ခံ​ရ​သော အ​ကောင်​ကို မ​ကြည့်​မ​ရှု၊ လမ်း​လွဲ​သော​အ​ကောင်ကို မ​ရှာ၊ နာ​သော​အ​ကောင်​ကို အ​နာ​ပျောက်​စေ​ခြင်း​ငှာ မ​ပြု၊ ရပ်​နေ​သော အ​ကောင်​ကို မ​မ​စ၊ ဆူ​သော​အ​ကောင်​တို့​ကို စား​လိမ့်​မည်။ သူ​တို့ ခွာ​ကို​လည်း ချိုး​ဖဲ့​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 11:16
16 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဦးရီး​နှင့်အတူ အနှစ်​နှစ်ဆယ်​နေ​ခဲ့​ပါ​သည်​။ ဦးရီး​၏​သိုးမ​၊ ဆိတ်မ​တို့​သည် သား​မ​လျှော​။ ဦးရီး​၏​သိုးဆိတ်​တို့​ထဲမှ သိုးထီး​၊ ဆိတ်ထီး​တို့​ကို အကျွန်ုပ်​မ​စား​။


သို့သော် ယာကုပ်​က “​ကလေး​များ​သည်​နုနယ်​ပါ​၏​။ နို့စို့သားငယ်​ရှိ​သော သိုးဆိတ်​တို့​နှင့်​နွား​တို့​သည်​လည်း အကျွန်ုပ်​၌​ရှိ​ကြောင်း သခင်​သိ​ပါ​၏​။ ထို​တိရစ္ဆာန်​တို့​ကို တစ်ရက်မျှ​အပြင်းနှင်​လျှင် ၎င်း​တို့​အားလုံး​သည် သေ​ကြ​ပါ​လိမ့်မည်​။


ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​လူမျိုး​တော်​ကို​ထိန်းကျောင်း​သော သိုးထိန်း​တို့​အား “​သင်​တို့​သည် ငါ​၏​သိုးစု​ကို​ကွဲလွင့်​စေ​၏​။ နှင်ထုတ်​၏​။ သူ​တို့​ကို ဂရု​မ​စိုက်​။ ကြည့်ရှု​လော့​။ သင်​တို့​ပြု​သော​ဆိုးညစ်မှု​ကြောင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။


သို့သော် သူ​တို့​သည် ငါ​၏​အစည်းအဝေး​၌​ရပ်​ခဲ့​မည်​ဆို​လျှင် ငါ့​စကား​ကို ငါ့​လူမျိုး​တော်​တို့​အား ဆင့်ဆို​ကြ​လိမ့်မည်​။ ငါ့​လူမျိုး​တော်​တို့​ကို အကျင့်ဆိုး​၊ စရိုက်ဆိုး​မှ ပြန်လှည့်​လာ​စေ​ခဲ့​ကြ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သိုးထိန်း​တို့​ကို​ဆန့်ကျင်​၍ သူ​တို့​ထံမှ ငါ့​သိုး​တို့​ကို ပြန်တောင်း​မည်​။ သူ​တို့​ကို သိုးထိန်း​အဖြစ်​မှ နုတ်ပယ်​ပစ်​မည်​။ သိုးထိန်း​တို့​သည် သူတို့ကိုယ်​ကို ကျွေးမွေး​နိုင်​တော့​မည်​မ​ဟုတ်​။ ငါ့​သိုး​များ​ကို သူ​တို့​နှုတ်​မှ​ကယ်နုတ်​မည်​၊ သူ​တို့​အစာ မ​ဖြစ်​စေ​ရ’​ဟု မိန့်​တော်မူ​၏​။


ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် အားနည်း​သော​သိုး​တို့​ကို နံစောင်း​၊ ပခုံး​တို့​ဖြင့် တွန်းထုတ်​သည်​သာမက အဝေး​သို့​လွင့်ထွက်​သွား​သည့်​တိုင်အောင် ချို​ဖြင့်​ဝှေ့​သောကြောင့်


ထို​ဘုရင်​သည် မိမိ​အလို​အတိုင်း ပြုမူ​လိမ့်မည်​။ ဘုရား​တကာ​တို့​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်​မြှောက်စား​လိမ့်မည်​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ရင့်သီးကြမ်းကြုတ်​သော​စကား​တို့​ဖြင့် ဆန့်ကျင်​ပြောဆို​လိမ့်မည်​။ အမျက်​တော်​ကာလ ပြီးဆုံး​သည်​အထိ သူ​သည် အောင်မြင်မှု​ရ​လိမ့်မည်​။ စီရင်​ထား​သော​အရာ​သည် ဧကန်​ဖြစ်လာ​လိမ့်မည်​။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ