ရှင်မာကု 7:19 - မြန်မာ့စံမီသမ္မာကျမ်း19 အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ19 ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။- အခန်းကိုကြည့်ပါ။ |