မဿဲ 12:20 - မြန်မာ့စံမီသမ္မာကျမ်း20 တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်းသတ်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible20 သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible20 အောင် မြင် ရာ သို့ တ ရား တော် ကို မ ထုတ် မ ဆင့် မီ ကျိုး ဆဲ ကျူ ကို ချိုး ဖြတ် ခြင်း၊ အ တောက် သေး သော မီး စာ ကို ငြိမ်း သတ် ခြင်း ပြု မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible20 နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 သူသည် ကြေနေသောကျူပင်ကို မချိုး။ တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။ အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ20 နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊