ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
ရောမ 12:13 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။ Common Language Bible ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။ Judson Bible သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။ |
ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
အဖိနှိပ်ခံရသောသူတို့အတွက် မိမိလက်ကိုဖြန့်ပေး၍ နွမ်းပါးသောသူတို့အတွက် မိမိလက်တို့ကိုကမ်းပေးတတ်၏။
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
တမန်တော်တို့၏ခြေရင်း၌ထား၍ တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အသီးသီးတို့အား ခွဲဝေပေးကြ၏။
တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။
သန့်ရှင်းသူတို့ကိုထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ ငါသည် သင်တို့ထံသို့ အထူးရေးသားရန်မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤကူညီထောက်မခြင်းအမှုသည် သန့်ရှင်းသူတို့လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုလည်း များစွာတိုးပွားစေ၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။
ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။