Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လော က စည်း စိမ် ရှိ လျက် ညီ အစ် ကို ချင်း ဆင်း ရဲ သည် ကို သိ မြင်၍ သ နား စိတ် ချုပ် ချယ် သူ၌ ဘု ရား သ ခင် အား ချစ် ခြင်း မေတ္တာ သည် မည် သို့ တည် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:17
17 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​သည် မိမိ​တိရစ္ဆာန်​၏​အသက်​ကို ဂရုစိုက်​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​သနားစုံမက်​ခြင်း​မူကား ရက်စက်မှု​ဖြစ်​၏​။


ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။


ဆင်းရဲ​သော​သူ​ကို​သနား​သော​သူ​သည် ထာဝရဘုရား​အား ချေးငှား​ခြင်း​ဖြစ်၍ ကိုယ်တော်​သည် သူ​၏​လုပ်ဆောင်မှု​အတွက် သူ့​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်​။


ဆင်းရဲ​သော​သူ​၏​ငိုကြွေးသံ​ကို​မ​ကြား​လို​၍ မိမိ​နား​ကို​ပိတ်​ထား​သော​သူ​သည် ကိုယ်တိုင်​ဟစ်ခေါ်​သောအခါ မည်သူမျှ သူ့​ကို​ထူး​လိမ့်မည်​မ​ဟုတ်​။


တစ်စုံတစ်ဦး​သည် ပညတ်တရား​ကို​နာယူနာခံ​ခြင်း​မ​ရှိ​လျှင် သူ​၏​ဆုတောင်းချက်​သည်ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


ယောဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေမျှ​ပေး​စေ။ စားစရာ​ရှိ​သော​သူ​သည်​လည်း ထိုနည်းတူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။


အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။


ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။


ညီအစ်ကို​၊ သို့မဟုတ် ညီအစ်မ​သည် အဝတ်မပါ​အချည်းစည်း​နေ​လျက် နေ့စဉ်​လိုအပ်​သော​အစားအစာ​လည်း မ​ရှိ​သောအခါ


သင်​တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ​သွား​ကြ​လော့။ နွေးထွေး​စွာ​နေ​၍ ဝလင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်ခန္ဓာ​အတွက် လိုအပ်​သော​အရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။


ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်ဖွား​စေ​တော်မူ​သော​အရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အရှင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ