ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
ရောမ 1:9 - မြန်မာ့စံမီသမ္မာကျမ်း ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။ Common Language Bible သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။- Garrad Bible ဘု ရား သ ခင် အ လို တော် ရှိ လျှင် သင် တို့ ထံ မ ကြာ မ မြင့် မီ ငါ လာ ဖြစ် ခွင့် ရှိ စေ ရန် ပ ဌ နာ ပြု လေ ရာ ရာ သင် တို့ အား အ စဉ် သ တိ ရ လျက် တောင်း လျှောက် သည် ကို သား တော်၏ သ တင်း တော် မြတ် ကြား ပြော စဉ် စိတ် အာ ရုံ ဖြင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင် သိ မြင် တော် မူ ၏။ Judson Bible ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။ |
ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
သို့သော် အကျွန်ုပ်သည် ဂိုဏ်းကွဲဟု သူတို့ခေါ်ဝေါ်သော တရားလမ်းအတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ကို ဝတ်ပြုနေကြောင်း အရှင့်ရှေ့၌ဝန်ခံပါသည်။ အကျွန်ုပ်သည် ပညတ်တရားနှင့်ညီသောအရာများနှင့် ပရောဖက်ကျမ်းများတွင် ရေးထားသောအရာရှိသမျှတို့ကို ယုံကြည်လျက်
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။
ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား
ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။
သင်တို့ထံသို့ ငါရေးနေသောအကြောင်းအရာများတွင် မုသားမပါကြောင်း ဘုရားသခင်သိတော်မူ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။
အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။
ငါတို့သည် သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်လျက် ငါတို့၏ဆုတောင်းချက်များ၌ သင်တို့ကိုသတိရကာ
ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
ငါသည် ငါ၏ဆုတောင်းချက်များထဲတွင် သင့်ကိုအစဉ်သတိရလျက် ငါ၏ဘုရားသခင်ကို ကျေးဇူးတင်၏။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။