Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​ဆုတောင်း​သည့်​အခါ​တိုင်း သင်​တို့​အားလုံး​အတွက် ဝမ်းမြောက်​သော​စိတ်​နှင့် အစဉ်အမြဲ​ဆုတောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4-5 အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သင်တို့​အားလုံး​အတွက် ကျွန်ုပ်​ဆုတောင်း​တိုင်း ဝမ်းမြောက်​စွာ ဆုတောင်းပေး​လျက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 1:4
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။


ထိုနည်းတူ နောင်တရ​သော​အပြစ်သား​တစ်​ဦး​အတွက် ဘုရားသခင်​၏​ကောင်းကင်တမန်​များ​ထဲတွင်​ဝမ်းမြောက်​ခြင်း​ရှိ​၏​ဟု သင်​တို့​အား ငါ​ဆို​၏”​ဟူ၍ မိန့်​တော်မူ​၏။


ထိုနည်းတူ နောင်တရ​စရာ​မ​လို​သည့် ဖြောင့်မတ်​သော​သူ​ကိုးဆယ့်ကိုး​ဦး​အတွက်​ထက် နောင်တရ​သည့်​အပြစ်သား​တစ်​ဦး​အတွက် ကောင်းကင်​ဘုံ​၌ ပို၍​ကြီးမား​သော​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​ဟု သင်​တို့​အား​ငါ​ဆို​၏။


ငါ​သည်​ဆုတောင်း​သောအခါ သင်​တို့​ကို​အမြဲမပြတ်​သတိရ​လျက် ဘုရားသခင်​၏​အလို​တော်​ရှိ​လျှင် တစ်ချိန်ချိန်​တွင် တစ်နည်းနည်း​ဖြင့် သင်​တို့​ထံသို့​လာ​ရ​သော​အခွင့်​ရှိ​ပါ​မည့်​အကြောင်း အစဉ်​တောင်းလျှောက်​နေ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ငါ့​အတွက်​သက်သေခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​လျက် ငါ​၏​ဝိညာဉ်​အားဖြင့် ဝတ်ပြု​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏။


တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။


အကြောင်းမူကား သင်​တို့​အား မကြာခဏ ငါ​ပြော​ခဲ့​ပြီး ယခု​တစ်ဖန် မျက်ရည်​ကျ​လျက်​ပြော​သည်​မှာ များစွာ​သော​သူ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို​ရန်ဘက်​ပြု​လျက် အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​၏။


ထို့ကြောင့် ငါ​၏​ဝမ်းမြောက်​ခြင်း​အကြောင်း​နှင့် ငါ​၏​သရဖူ​ဖြစ်​သည့် ငါ​ချစ်​၍​လွမ်းဆွတ်​သော ငါ့​ညီအစ်ကို​တို့၊ ငါ​ဆို​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့၊ ငါ​ချစ်​သော​သူ​တို့။


အကြောင်းမူကား ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့် သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ သင်​တို့​၏​အစီအစဉ်​တကျ​ရှိ​ခြင်း​နှင့် ခရစ်တော်​အပေါ် သင်​တို့​၏​ယုံကြည်​ခြင်း​ခိုင်မာ​မှု​တို့​ကို​တွေ့​သဖြင့် ဝမ်းမြောက်​၏။


ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ


ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။


သင်​၏​သားသမီး​အချို့​တို့​သည် ခမည်းတော်​ဘုရား​ထံမှ ငါ​တို့​ခံယူ​ရရှိ​သော​ပညတ်​တော်​အတိုင်း သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သည်​ကို တွေ့​ရ​သဖြင့် ငါ​အလွန်​ဝမ်းမြောက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ