ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ယေရမိ 9:4 - မြန်မာ့စံမီသမ္မာကျမ်း “လူတိုင်း မိမိ၏အိမ်နီးချင်းကို သတိပြုကြလော့။ မည်သည့်ညီအစ်ကိုကိုမျှ မယုံကြနှင့်။ အကြောင်းမူကား ညီအစ်ကိုအားလုံး လူလိမ်သက်သက်သာဖြစ်ကြ၏။ အိမ်နီးချင်းအားလုံးသည်လည်း အတင်းအဖျင်းလိုက်ပြောသောသူများသာဖြစ်ကြ၏။ Common Language Bible လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။ Garrad Bible ဆွေ မျိုး သား ချင်း ဟူ သ မျှ သည် လှည့် ပတ် စီး ပိုး ခြင်း၊ အ ပေါင်း အ ဖော် ဟူ သ မျှ လည်း၊ လှည့် လည် ကုန်း ချော ခြင်း ကို ပြု ကြ သ ဖြင့်၊ အ ပေါင်း အ ဖော် ကို သ တိ နှင့် ရှောင် လျက်၊ ဆွေ မျိုး သား ချင်း ကို ပင် စိတ် မ ချ ကြ နှင့်။ Judson Bible လူတိုင်း မိမိအပေါင်းအဖော်ကို သတိပြုလော့။ မိမိညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဖော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။ |
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
မိမိနှုတ်ဖြင့်အတင်းပြောဆိုခြင်းမပြုသောသူ၊ မိမိ၏အိမ်နီးချင်းအပေါ်မကောင်းမှုကိုမပြုသောသူ၊ မိမိဝန်းကျင်၌ရှိသောသူကို ကဲ့ရဲ့ပြစ်တင်ခြင်းမပြုသောသူ၊
မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
မိမိ၏အိမ်နီးချင်းတစ်ဖက်၌ မုသားသက်သေထွက်ဆိုသောသူသည် တင်းပုတ်၊ ဓား၊ ချွန်ထက်သောမြားနှင့်တူ၏။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
လမ်းပြပေးသောထိုသူတို့သည် လူမျိုးတော်ကိုလမ်းလွဲစေသောသူများပေတည်း။ သူတို့လမ်းပြရာနောက်သို့လိုက်သောသူတို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။
သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။
သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ငါတို့အားလုံး၌ ဖခင်တစ်ဦးတည်း ရှိသည်မဟုတ်လော။ ငါတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် တစ်ပါးတည်း ရှိသည်မဟုတ်လော။ ငါတို့သည် အဘယ်ကြောင့် ငါတို့ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသောပဋိညာဉ်ကို ချိုးဖောက်ပြီး တစ်ယောက်ကိုတစ်ယောက်သစ္စာဖောက်ကြမည်နည်း။
လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ပင်လျှင် သင်တို့ကိုအပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့တို့သည် အသေသတ်ခြင်းခံရကြလိမ့်မည်။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။