ယေဇကျေလ 22:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 သင် သည် သွေး သွန်း လို၍ ကုန်း ချော သူ၊ တောင် များ ပေါ် တွင် စား သောက် သူ၊ ကာ မ ဂုဏ် လိုက် စား သူ၊ အခန်းကိုကြည့်ပါ။Judson Bible9 သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။