မာလခိ 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါတို့အားလုံး၌ ဖခင်တစ်ဦးတည်း ရှိသည်မဟုတ်လော။ ငါတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် တစ်ပါးတည်း ရှိသည်မဟုတ်လော။ ငါတို့သည် အဘယ်ကြောင့် ငါတို့ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသောပဋိညာဉ်ကို ချိုးဖောက်ပြီး တစ်ယောက်ကိုတစ်ယောက်သစ္စာဖောက်ကြမည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။- အခန်းကိုကြည့်ပါ။Garrad Bible10 ခပ် သိမ်း သော ငါ တို့၌၊ အ ဘ တစ် ပါး တည်း ရှိ သည် မ ဟုတ် လော။ ဘု ရား သ ခင် တစ် ဆူ တည်း သာ၊ ငါ တို့ ကို ဖန် ဆင်း တော် မူ ပြီ မ ဟုတ် လော။ ထို သို့ မှန် လျှင်၊ ဘိုး ဘေး တို့ ပ ဋိ ညာဉ် ကို ဖောက် ကျော် လျက်၊ အ ချင်း ချင်း သ စ္စာ ဖျက် ကြ သည် မှာ၊ အ သို့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible10 ခပ်သိမ်းသောငါတို့၌ တစ်ပါးတည်းသောအဘ ရှိသည်မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည် မဟုတ်လော။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကိုရှုတ်ချ၍၊ ငါတို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် သစ္စာဖျက်ကြသနည်း။ အခန်းကိုကြည့်ပါ။ |
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။