Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ညီ အစ် ကို သည် ညီ အစ် ကို ချင်း ကို လည်း ကောင်း၊ အ ဘ သည် သား သ မီး ကို လည်း ကောင်း၊ သေ စေ ရန် ပို့ အပ် ကြ မည့် ပြင် သား သ မီး တို့ လည်း မိ ဘ ကို ရန် ဘက် ပြု၍ အ သေ သတ် စေ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ညီအစ်ကို​ချင်း တစ်ဦး​ကို​တစ်ဦး သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ ဖခင်​သည်လည်း မိမိ​သားသမီး​ကို သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ သားသမီးတို့​သည်လည်း မိဘ​ကို ပုန်ကန်​၍ သေစေကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:21
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အပါအဝင် မင်းမှုထမ်း​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ့​သွေးသားရင်း​ဖြစ်​သော ငါ့​သား​ပင်လျှင် ငါ့​ကို သတ်​ဖို့​ရှာကြံ​၏​။ ဤ​ဗင်္ယာမိန်​အမျိုး​ကား ထိုထက်မက ပြု​ခွင့်​ရှိ​၏​။ ထာဝရဘုရား​သည် သူ့​ကို အခွင့်ပေး​ထား​ပြီ​ဖြစ်၍ သူ​ကျိန်ဆဲ​ပါစေ​။ သူ့​ကို မဆီးတား​ကြ​နှင့်​။


ငါ​နှင့်​ရင်းနှီးကျွမ်းဝင်​သော​မိတ်ဆွေ​အားလုံး​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ကို​ကျောခိုင်း​သွား​ကြ​၏​။


သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။


“​ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို အချင်းချင်း​ဆန့်ကျင်​ရန် လှုံ့ဆော်​၍ သူ​တို့​သည် ညီအစ်ကို​အချင်းချင်း​၊ အိမ်နီးချင်း​အချင်းချင်း​၊ မြို့​အချင်းချင်း​၊ နိုင်ငံ​အချင်းချင်း ဆန့်ကျင်​ကြ​လိမ့်မည်​။


တစ်စုံတစ်ဦး​သည် ပရောဖက်ပြု​ဟောပြော​နေ​သေး​လျှင် သူ့​ကို​ဖြစ်ပွား​စေ​သော သူ့​မိဘ​တို့​က ‘သင်​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အမှီပြု​၍ မဟုတ်မမှန်​ဟောပြော​သောကြောင့် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်’​ဟု ဆို​၍ သူ့​ကို​ဖြစ်ပွား​စေ​သော​မိဘ​ကိုယ်တိုင်​က ထို​သူ​ပရောဖက်ပြု​ဟောပြော​သောအခါ သူ့​ကို ထိုးသတ်​လိမ့်မည်​။


ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ