မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ယေရမိ 8:21 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးသမီးပျိုဒဏ်ရာရသောကြောင့် ငါကြေကွဲ၏၊ ငါဝမ်းနည်းပူဆွေး၏၊ ထိတ်လန့်ခြင်းသည် ငါ့ကိုဖမ်းစားလေပြီ။ Common Language Bible ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။ Garrad Bible ငါ ၏ အ မျိုး သ တို့ သ မီး ကျိုး ပဲ့ ခံ ရ သည့် အ တွက်၊ ငါ လည်း စိတ် ကျိုး ပဲ့ လျက်၊ ညှိုး ငယ် လျက်၊ မိန်း မော လျက် နေ ရ ၏။ Judson Bible ငါ၏လူမျိုး သတို့သမီးသည်နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက် နေရ၏။ |
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ယုဒပြည် ငိုကြွေးမြည်တမ်းလေပြီ။ မြို့တံခါးတို့လည်း အားလျော့ကြပြီ။ မြေကြီးပေါ်တွင် ဝမ်းနည်းပူဆွေးကြလေပြီ။ ဂျေရုဆလင်မြို့၏အော်ဟစ်ငိုကြွေးသံသည် ထွက်ပေါ်လာပြီ။
အကျွန်ုပ်မူကား ကိုယ်တော်၏နောက်သို့လိုက်သောသိုးထိန်းအဖြစ်မှ ထွက်မပြေးပါ။ ဆိုးဝါးသောနေ့ကို အကျွန်ုပ်မတောင့်တကြောင်း ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏နှုတ်ထွက်စကားသည် ရှေ့တော်၌ရှိပါ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
ရိတ်သိမ်းချိန်ကျော်လွန်ပြီ။ နွေရာသီကုန်ဆုံးပြီ။ ငါတို့မူကား ကယ်တင်ခြင်းမခံရသေးပါတကား။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ငါသည် ကိုယ်တော်၏အမျက်တော်ကြိမ်လုံးကြောင့် ဖိစီးနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသောသူဖြစ်ပါ၏။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်