အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 6:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ့​ထံ သင်​တို့​ယူလာ​သော ရှေဘ​ပြည်​မှ​လော်ဗန်​၊ ဝေး​သော​ပြည်​မှ​မွှေးကြိုင်​သော​ခါနဲ​ကို ငါ​ဘာ​လုပ်​ရ​မည်နည်း​။ သင်​တို့​၏​မီးရှို့ရာယဇ်​ကို ငါ​လက်​မ​ခံ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​မ​နှစ်သက်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ရှေ ဘ ပြည် မှ ဆောင် လာ သော လော ဗန် စေး၊ ဝေး ကွာ ရာ ပြည် မှ ဆောင် လာ သော နံ့ သာ ပင် အ ထူး အ မြတ် သည်၊ ငါ ၌ မည် သို့ အ ကျိုး ရှိ သ နည်း။ ငါ သည် သင် တို့၏ မီး ရှို့ ရာ သ က္ကာ၊ မိ သ ဟာ ယ ယဇ် များ ကို၊ လက် မ ခံ၊ မ နှစ် သက် ချေ။

အခန်းကိုကြည့်ပါ။

Judson Bible

ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 6:20
24 ပူးပေါင်းရင်းမြစ်များ  

အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။


ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ်​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး နောက်ထပ် ရောက်​မ​လာ​တော့​ချေ​။


ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။


“​ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​လှ​ပါ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကြီးမားမှု​ကြောင့် ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ ခယဝပ်တွား​ကြ​ပါ​လိမ့်မည်​။


“​သင်​သည် အကောင်းစား​အမွှေးနံ့သာ​များ​ကို သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ မုရန်​အရည် ငါး​ရာ​ရှယ်ကယ်​၊ မွှေးကြိုင်​သော​သစ်ကြံပိုး နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊ မွှေးကြိုင်​သော​ခါနဲ နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​၏​ယဇ်ကောင်​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ထို့ထက်မက ၎င်း​ကို ဆိုးညစ်​သော​အကြံ​ဖြင့် ယူဆောင်​လာ​လျှင် ပို၍​ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


ထာဝရဘုရား​က “​သင်​တို့​၏​များစွာ​သော​ယဇ်​တို့​သည် ငါ့​အတွက်​မည်သည့်​အကျိုး​ရှိ​သနည်း​။ မီးရှို့​ပူဇော်​သော​သိုးထီး​၊ ဆူဖြိုး​သော​တိရစ္ဆာန်​၏​အဆီ​ကို ငါ​မလို​တော့​ပြီ​။ နွားထီး​၊ သိုးသငယ်​၊ ဆိတ်ထီး​တို့​၏​သွေး​ကို​လည်း ငါ​မ​နှစ်သက်​။


မိဒျန်​ပြည်​နှင့်​ဧဖာ​ပြည်​တို့​မှ ကုလားအုတ်ပျို​အလုံးအရင်း​တို့​သည် သင့်​ပြည်​၌ ပြည့်လျှံ​လိမ့်မည်​။ ရှေဘ​ပြည်သား​အပေါင်း​တို့​သည် ရွှေ​နှင့်​လော်ဗန်​ကို​ယူဆောင်​လာ​၍ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​။


နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။


ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​အစာရှောင်​အော်ဟစ်​လျှင်လည်း ငါ​နားညောင်း​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်လည်း ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သူ​တို့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ရှေဘ​ပြည်​၊ ရာဂမ​ပြည်​မှ ကုန်သည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်ပစ္စည်း​များ​ကို အကောင်းစား​အမွှေးနံ့သာ​အမျိုးမျိုး​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​၊ ရွှေ စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။


သူ​တို့​သည် ငါ့​ထံ လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​သောအခါ ယဇ်ကောင်​များ​ကို​ပူဇော်​၍ အသား​ကို စား​ကြ​၏​။ ထို​ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား လက်ခံ​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​ကို ဒဏ်ခတ်​မည်​။ သူ​တို့​ကို အီဂျစ်​ပြည်​သို့ ပြန်သွား​စေ​မည်​။


သူ​တို့​သည် စပျစ်ဝိုင်​ကို ထာဝရဘုရား​ထံ သွန်းလောင်း​ပူဇော်​ရ​မည်​မ​ဟုတ်​။ သူ​တို့​၏​ပူဇော်သက္ကာ​တို့​ကို​လည်း ကိုယ်တော်​လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ထို​ပူဇော်သက္ကာ​သည် သူ​တို့​အဖို့ အသုဘ​အစာ​ကဲ့သို့ ဖြစ်​၏​။ စား​သော​သူ​အားလုံး ညစ်ညူး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အကယ်စင်စစ် ထို​အစာ​သည် သူ​တို့​စား​ဖို့​သာ ဖြစ်​၏​။ ထာဝရဘုရား​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။