ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
အမိန့်ပေးတော်မူသောအခါမိုးကောင်းကင် အထက်ရှိ ရေတို့သည်အသံမြည်ဟည်းကြကုန်၏။ ကိုယ်တော်သည်မြေကြီးစွန်းမှမိုးတိမ်များကို တက်စေတော်မူ၏။ မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူကာ မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်စေတော်မူ၏။
အ သံ တော် ကို လွှင့် သော အ ခါ၊ အာ ကာ သ ကောင်း ကင်၌ ရေ ဟုန်း ခြင်း၊ မြေ ကြီး အ စွန်း အ ဖျား များ မှ မိုး သား တက် ခြင်း၊ မိုး ရွာ စေ ရန် လျှပ် စစ် ပြက် ခြင်း၊ လှောင် တိုက် တော် များ မှ လေ ပြင်း ထွက် ခြင်း များ ကို စီ မံ တော် မူ သည့် အ လျောက်၊
အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုးရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။
ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။
ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
ကိုယ်တော်ဆုံးမတော်မူသောအခါ ထွက်ပြေးသွားပါ၏။ မိုးချုန်းသံနှင့်တူသောအသံတော်ကြောင့် အလျင်အမြန်ထွက်ပြေးသွားပါ၏။
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ ၎င်းတို့ကို အရည်ပျော်စေတော်မူ၏။ မိမိ၏လေကိုတိုက်စေတော်မူသောအခါ ရေတို့သည် စီးဆင်းကြ၏။
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် မိမိအသံကို မိုးသီးနှင့်တောက်လောင်သောမီးခဲများနှင့်တကွ လွှင့်တော်မူ၏။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။
ထာဝရဘုရားသည် အနောက်လေကို အပြင်းအထန်တိုက်ခတ်စေ၍ ထိုလေသည် ကျိုင်းကောင်များကိုဆောင်ယူသွားပြီး ပင်လယ်နီထဲသို့ချလိုက်သဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် ကျိုင်းကောင်တစ်ကောင်မျှမကြွင်းကျန်တော့ပေ။
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
ထာဝရဘုရားက “အို အစ္စရေးအမျိုးသားတို့၊ သင်တို့သည် ငါ့အဖို့ အီသီယိုးပီးယားအမျိုးသားများနှင့် တူသည်မဟုတ်လော။ အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှလည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့ကို ကတ္တောရကျွန်းမှလည်းကောင်း၊ ဆီးရီးယားလူမျိုးတို့ကို ကိရပြည်မှလည်းကောင်း ငါထုတ်ဆောင်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။