ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
ယေရမိ 51:11 - မြန်မာ့စံမီသမ္မာကျမ်း မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။ Common Language Bible ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။- Garrad Bible ဗိ မာန် တော် အ တွက်၊ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ခြင်း ဖြစ် သည် နှင့်၊ ဗာ ဗု လုန် မြို့ ကို ဖျက် ဆီး ရန် ပြ ဋ္ဌာန်း သော ကြောင့် မေ ဒိဘု ရင် ၏ သ ဘော ကို ဆော် ဩ တော် မူ သည့် အ လျောက်၊ မြှား များ ကို တိုက် ပွတ် လျက်၊ ဒိုင်း လွှား များ ကို စွဲ ကိုင် ကြ လော့။ Judson Bible မြားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏အမျက်တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသော အပြစ်နှင့်အလျောက် ဒဏ်ပေးခြင်းအမှု ဖြစ်သတည်း။ |
ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
စားပွဲပြင်ဆင်ကြ၏။ ကော်ဇောခင်းကြ၏။ သောက်စားကြ၏။ အို မှူးမတ်တို့၊ ထကြလော့။ ဒိုင်းလွှားများကိုဆီလူးကြလော့။
မြောက်အရပ်မှ တစ်စုံတစ်ဦးကို ငါလှုံ့ဆော်၍ သူသည် နေထွက်ရာအရပ်မှလာလေပြီ။ သူသည် ငါ့နာမကိုဟစ်ခေါ်လိမ့်မည်။ အိုးထိန်းသည်သည် မြေစေးကိုနင်းသကဲ့သို့ သူသည် မင်းအရာရှိတို့ကို ရွှံ့သဖွယ်နင်းလိမ့်မည်။
ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက
ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။
အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။
ထာဝရဘုရားက “ဒိုင်းလွှားကြီး၊ ဒိုင်းလွှားငယ်တို့ကို ပြင်ဆင်ကြ။ စစ်ချီတက်ကြ။
မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။
အို စစ်မြင်းတို့၊ စစ်ချီကြ။ အို စစ်ရထားတို့၊ ဒုန်းစိုင်းနှင်ကြ။ ဒိုင်းလွှားကိုစွဲကိုင်သော အီသီယိုးပီးယားလူမျိုးနှင့် ဖုတလူမျိုး စစ်သူရဲတို့၊ လေးသည်တော် လုဒိမ်လူမျိုးစစ်သူရဲတို့၊ ချီတက်ကြ။
ထာဝရဘုရားသည် လက်နက်တိုက်ကိုဖွင့်၍ အမျက်တော်လက်နက်ကို ထုတ်တော်မူပြီ။ ဤသည်ကား ခါလဒဲပြည်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။
မြောက်အရပ်မှလူမျိုးတစ်မျိုးသည် ဘေဘီလုံမြို့ကို ချီတက်တိုက်ခိုက်လိမ့်မည်။ ထိုမြို့ကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မည်သူမျှ ထိုမြို့၌ နေထိုင်ကြတော့မည်မဟုတ်။ လူမှစ၍ တိရစ္ဆာန်တိုင်အောင် ထွက်ပြေးသွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။
ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။
ငါ့ကိုယ်၊ ငါ့အသား ခံရသောရက်စက်ကြမ်းကြုတ်မှုသည် ဘေဘီလုံပြည်အပေါ် ကျရောက်ပါစေ”ဟု ဇိအုန်မြို့သားတို့ ဆိုလိမ့်မည်။ “ငါတို့သွန်းခဲ့ရသောသွေးသည် ခါလဒဲပြည်သားတို့အပေါ် ကျရောက်ပါစေ”ဟု ဂျေရုဆလင်မြို့သားတို့ ဆိုလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သင့်အမှုကိစ္စကို ငါရင်ဆိုင်ဖြေရှင်းပေးမည်။ သင့်အစား ငါအမှန် လက်တုံ့ပြန်မည်။ သူ၏ပင်လယ်ရေကို ခန်းစေမည်၊ စမ်းရေတွင်းကို ခြောက်သွေ့စေမည်။
ထယ်များကို ဓားအဖြစ်၊ တံစဉ်များကို လှံအဖြစ် ပြောင်းလဲထုလုပ်ကြ။ အားနည်းသူကလည်း “ငါသည် ခွန်အားကြီးသူဖြစ်၏”ဟု ဆိုစေ။
လူမျိုးတကာတို့ထံ ဤသို့ကြေညာလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြ။ စစ်သူရဲတို့ကို နှိုးဆော်ကြ။ စစ်သည်အပေါင်းတို့ချီတက်တိုက်ခိုက်ကြ။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။