Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 45:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ခွန်အား​နှင့်​ပတ်စည်း​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင်​လို​အပ်​သော​ခွန်​အား​စွမ်း​ရည်​ကို​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5-6 ငါ သာ လျှင်၊ ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ နေ ထွက် ရာ အ ရပ် နှင့် နေ ဝင် ရာ အ ရပ် သား တို့ သည်၊ ငါ မှ တစ် ပါး အ ခြား ဘု ရား မ ရှိ ကြောင်း ကိုလည်း‌ ကောင်း၊ ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကိုလည်း‌ ကောင်း၊ သိ ကြ စေ ခြင်း ငှာ၊ ငါ့ ကို သင် မ သိ လျက် ပင်၊ သင့် ခါး ကို ငါ စည်း တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ သင်​သည် ငါ့​ကို မ​သိ​သော်​လည်း၊ သင်၏​ခါး​ကို ငါ​စည်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 45:5
28 ပူးပေါင်းရင်းမြစ်များ  

သို့မှ ထာဝရဘုရား​တစ်ပါးတည်း​သာ ဘုရား​ဖြစ်​တော်မူ​ပြီး အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို မြေကြီးသား​အပေါင်း​တို့ သိ​ရ​ကြ​လိမ့်မည်​။


ပါးရှား​ဘုရင်​ကုရု​မင်းကြီး​က “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။


ရှင်ဘုရင်​တို့​ချည်နှောင်​သော​ကြိုး​ကို ဖြေ​၍ သူ​တို့​ခါး​ကို ခါးပတ်​နှင့် စည်း​တော်မူ​၏​။


မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ အားကြီးသူ​တို့​ကို ခွန်အား​ယုတ်လျော့​စေ​တော်မူ​၏​။


အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။


ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။


ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။


သို့မဟုတ်လျှင် ဤ​တစ်ကြိမ်​တွင် ငါ​သည် ဘေးဒဏ်​အမျိုးမျိုး​ကို သင်​မှစ၍ သင်​၏​အမှုထမ်း​များ​၊ သင်​၏​ပြည်သူပြည်သား​များ​အပေါ်​သို့ ကျရောက်​စေ​မည်​။ ဤသို့ဖြင့် မြေ​တစ်ပြင်လုံး​၌ ငါ​ကဲ့သို့သော​ဘုရား​မ​ရှိ​ကြောင်း သင်​သိမြင်​လိမ့်မည်​။


သူ့​အား သင့်​ဝတ်ရုံ​ကို​ဝတ်​စေ​၍ သင့်​ခါးစည်း​ကို​စည်း​စေ​မည်​။ သင့်​အာဏာ​ကို သူ့​လက်​သို့ ငါ​အပ်​မည်​။ သူ​သည် ဂျေရုဆလင်​မြို့သား​နှင့် ယုဒ​အမျိုးအနွယ်​တို့​၏​ဖခင်​ဖြစ်​မည်​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်းသာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။


အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။


မ​ကြောက်​ကြ​နှင့်​။ မ​စိုးရိမ်​ကြ​နှင့်​။ ရှေးယခင်​ကတည်းက သင်​တို့​ကို ငါ​ပြောကြား​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​မ​ဟုတ်​လော​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​ရှိ​သလော​။ အခြား​ကျောက်ဆောင်​မ​ရှိ​၊ ရှိ​သည်​ကို ငါ​မ​သိ​။


ရှင်ဘုရင်​တို့​၏​ခါးပန်း​ကို​ဖြေချ​ပြီး တိုင်းနိုင်ငံ​တို့​ကို သူ့​အဖို့​နှိမ်နင်း​ပေး​ဖို့​၊ မြို့​တံခါး​ကို ပိတ်​မ​ထား​ဘဲ သူ့​အဖို့​အစဉ်​ပွင့်​နေ​စေဖို့ ငါ​ကိုယ်တိုင် သူ​၏​ညာလက်​ကို​ဆွဲကိုင်​ထား​သော​သူ ငါ​၏​ဘိသိက်ခံ​ကုရု​မင်းကြီး​အား ငါ​ထာဝရဘုရား​က


ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို အရှေ့​အရပ်​မှ အနောက်​အရပ်​တိုင်အောင် လူ​တို့​သိမြင်​ကြ​လိမ့်မည်​။


ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို အောက်မေ့​လော့​။ ငါ​သာလျှင် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။ ငါ​နှင့်တူသော​ဘုရား​မ​ရှိ​။


“​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​။ ငါ​သည် မုဆိုးမ​ဖြစ်​မည်​မ​ဟုတ်​။ သားသမီး​ဆုံးရှုံး​ခြင်း​ကို ငါ​ခံစား​ရ​မည်​မ​ဟုတ်​”​ဟု ကိုယ့်​စိတ်​ထဲ၌​ပြောဆို​၍ စိတ်အေးလက်အေး​နေထိုင်​ပြီး ကာမဂုဏ်ခံစား​နေ​သော​သူ​၊ ယခု ဤ​အရာ​ကို နားထောင်​လော့​။


ဘေဘီလုံ​ဘုရင်​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​၍ ငါ့​ဓား​ကို သူ့​လက်​သို့​အပ်​မည်​။ သို့သော် ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​သဖြင့် သူ​သည် ဘေဘီလုံ​ဘုရင်​ရှေ့​တွင် သေလုမြောပါး​ဒဏ်ရာရ​သူ​ညည်းတွား​သကဲ့သို့ ညည်းတွား​ရ​လိမ့်မည်​။


သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။


အစအဦး​၌ နှုတ်ကပတ်တော်​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ကြောင်း သင်​တို့​သိမြင်​ရန် ဤ​အမှု​တို့​ကို သင်​တို့​အား​ပြသ​တော်မူ​ခြင်း​ဖြစ်​၏​။


ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ