ယေရမိ 51:35 - မြန်မာ့စံမီသမ္မာကျမ်း35 ငါ့ကိုယ်၊ ငါ့အသား ခံရသောရက်စက်ကြမ်းကြုတ်မှုသည် ဘေဘီလုံပြည်အပေါ် ကျရောက်ပါစေ”ဟု ဇိအုန်မြို့သားတို့ ဆိုလိမ့်မည်။ “ငါတို့သွန်းခဲ့ရသောသွေးသည် ခါလဒဲပြည်သားတို့အပေါ် ကျရောက်ပါစေ”ဟု ဂျေရုဆလင်မြို့သားတို့ ဆိုလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible35 ``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင် တာဝန်ရှိစေသတည်း'' ဟုဇိအုန်မြို့သားတို့ ပြောဆိုကြစေ၏။ ``ငါတို့ခံစားရသည့်ဘေးဒုက္ခများအတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း''ဟု ယေရုရှလင်မြို့သားတို့ပြောဆိုကြစေ။ အခန်းကိုကြည့်ပါ။Garrad Bible35 ဗာ ဗု လုန် မြို့ ပေါ် သို့ သင့် ရောက် ပါ လေ စေ ဟူ၍ လည်း ကောင်း၊ ငါ့ အ သွေး သည်၊ ခါ လ ဒဲ ပြည် သား တို့ အ ပေါ် သို့ သင့် ရောက် ပါ လေ စေ ဟူ ၍ လည်း ကောင်း၊ ဇိ အုန်၊ ယေ ရု ရှ လင် မြို့ ဆို ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible35 ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့် ငါ၏အသား၌ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါစေ ဟူ၍လည်းကောင်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလဒဲပြည်သားတို့အပေါ်သို့ရောက်ပါစေ ဟူ၍လည်းကောင်း ဆိုရ၏။ အခန်းကိုကြည့်ပါ။ |
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။