၃ ရာ 11:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ရှော လ မုန် မင်း အား ရန် မူ မည့် သူ၊ ဧ လျာ ဒ သား ရေ ဇုန် ကို လည်း ဘု ရား သ ခင် ပေါ် ထွန်း စေ တော် မူ ၏။ ထို သူ ကား၊ ကိုယ့် သ ခင်၊ ဇော ဘ ဘု ရင် ဟာ ဒ ဒေ ဇာ မင်း ထံ မှ ပြေး ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible23 ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူသည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့ သိသောအခါ ဟာနုန်မင်းကြီးနှင့် အမ္မုန်အမျိုးသားတို့သည် မက်ဆိုပိုတေးမီးယားပြည်၊ ဆီးရီးယားမာခါပြည်၊ ဇောဘပြည်တို့မှ စစ်ရထားများ၊ မြင်းစီးသူရဲများကို ငွေတာလန်တစ်ထောင်ဖြင့်ငှားရမ်းဖို့ လူလွှတ်လိုက်၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။